ရုရှားစစ်တပ်တွင် အဓိက စစ်လက်နက်ပစ္စည်းများပြတ်လပ်နေဆဲဖြစ်ကြောင်းပူတင်ဝန်ခံ

ယမန်နှစ်တွင် လက်နက်များ ထုတ်လုပ်မှု သိသိသာသာ မြှင့်တင်ခဲ့သော်လည်း ရုရှားစစ်တပ်တွင်အဓိက စစ်လက်နက်ပစ္စည်းများ ပြတ်လပ်နေဆဲဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်ကယမန်နေ့တွင် ပြုလုပ်သော နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မရှင် အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ရုရှားအစိုးရ မီဒီယာက ဖော်ပြသည်။
ရုရှားစစ်တပ်သည် ယမန်နှစ်တွင် သံချပ်ကာယာဉ် အစီးရေ ၄၀၀၀ ကျော်၊ စစ်လေယာဉ်နှင့် ရဟတ်ယာဉ် အစင်း ၁၈၀ နှင့် အမျိုးအစားစုံမောင်းသူမဲ့လေယာဉ် အစင်းတစ်သန်းခွဲကျော် လက်ခံရရှိခဲ့ပြီး ဒရုန်းစင်းရေ ၄၀၀ ခန့်ကို စစ်မြေပြင်သို့ နေ့စဉ် ပို့ဆောင်နေရကြောင်း သမ္မတပူတင်က ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်မှာ ကာကွယ်ရေးကုမ္ပဏီအားလုံးနီးပါးဟာ နိုင်ငံတော်ကာကွယ်ရေးညွှန်ကြားချက်ကို အရည်အသွေးအပြည့်နဲ့ အချိန်မီ ပြီးမြောက်ခဲ့ပြီး အချို့လက်နက်အမျိုးအစားတွေကို သတ်မှတ်ချိန်ထက် စောပြီး ထုတ်လုပ်ခဲ့ပါတယ်။” ဟု ပူတင်က ပြောကြားသည်။
သို့သော်လည်း ရုရှားလက်နက်ထုတ်လုပ်ရေးတွင် ကွာဟချက်များရှိနေသေးကြောင်း ၎င်းက ပြောကြားသည်။
“ဒီဒရုန်း တွေ အားနည်းနေသေးတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကမလုံလောက်သေးဘူး။” ဟု ၎င်းက ဆိုသည်။
မကြာသေးမီနှစ်များအတွင်း သည် ကုမ္ပဏီပေါင်း ၄၀၀ ကျော်ကို ခေတ်မီဆန်းသစ်အောင် ကရင်မလင်ကလုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ရုရှားက နည်းပညာဆိုင်ရာ အားသာချက်များရရှိရန် တွန်းအားပေးနေသည်ဟု ပူတင်က ပြောကြားသည်။
အနာဂတ်တွင် ဖြစ်လာနိုင်သော လက်နက်ကိုင် ပဋိပက္ခများကို ခန့်မှန်းရန်နှင့် နားလည်ရန် စစ်ဘက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ၎င်းက ဆိုသည်။
“ပြီးတော့ ကျွန်တော်တို့ မကြာခင်က လုပ်ဆောင်နိုင်ခဲ့သလို အနာဂတ်မှာလည်း လုပ်နိုင်မယ်ဆိုတာ ကျွန်တော်အသေအချာပြောနိုင်တယ်။”ဟုပူတင်ကပြောကြားသည်။
ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးသည် ကင်းထောက်နှင့် တိုက်ခိုက်ရေးမစ်ရှင်များအတွက် ဝေဟင်၊ ရေပြင်နှင့် မြေပြင်အခြေစိုက် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုကာ ဒရုန်းစစ်ပွဲကို ပိုမိုမှီခိုအားထားလျက်ရှိသည်။
ရုရှားစစ်တပ်ကဒရုန်းများကိုရှေ့တန်းစစ်မြေပြင်သာမကအရပ်ဘက်များကိုပါပစ်မှတ်ထားပြီးနေ့စဉ်အသုံးပြုလျှက်ရှိသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ