အိမ်စာမပြီးလို့ ဆူတဲ့ဖခင်ကို သားဖြစ်သူက မူးယစ်မှုနဲ့ ရဲတိုင်ပြီး ကလဲ့စားချေ

ဒီဖြစ်ရပ်ကတော့ အခုလအစောပိုင်းက တရုတ်နိုင်ငံ ယုံနင်းစီရင်စုမှာ ဖြစ်ပွားခဲ့တာပါ။ အချိန်မီ အိမ်စာမပြီးလို့ ဖခင်ဖြစ်သူက ဆူပူ ငေါက်ငမ်းပြီးနောက် ၁၀ နှစ်အရွယ် ကလေးငယ်က ဒေါသတကြီးနဲ့ အိမ်ပြင်ထွက်သွားခဲ့ပါတယ်။ သူဟာ အိမ်အနီးနားက စတိုးဆိုင်ကို သွားပြီး အရေးပေါ်ဌာန 110 ထံ ဖုန်းဆက်ပြီး သူ့အဖေက ဘိန်းသီးတွေ ဝှက်ထားကြောင်း တိုင်ချက်ဖွင့်ခဲ့တာပါ။
အဲဒီနောက်မှာတော့ သူက ရဲတွေ ရောက်လာတဲ့အထိ စတိုးဆိုင်မှာ စောင့်နေခဲ့ပါတယ်။ ရဲတွေက သူတို့အိမ်ကို ရှာဖွေရာမှာ အိမ်ရှေ့စင်ဝင်အောက်ဘက်ကနေ ခြောက်သွေ့နေတဲ့ ဘိန်းသီး ၈ လုံးကို တွေ့ရှိခဲ့ပါတယ်။ ကလေးငယ်ရဲ့အဖေက ဘိန်းသီးတွေကို ဝယ်ယူခဲ့တယ်လို့ ဝန်ခံခဲ့ပေမဲ့ ကျန်းမာရေးလိုအပ်ချက်အရ မှီဝဲဖို့သာ ရည်ရွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဘိန်းသီးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး ကလေးငယ်ရဲ့ဖခင်ကို ရဲစခန်းခေါ်သွားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနထံ အမှုလွှဲပြောင်းပေးခဲ့ပါတယ်။
ဘိန်းသီးအခြောက်ကို မှီဝဲရင် နာကျင်မှုဝေဒနာ သက်သာစေပြီး အိပ်ပျော်စေတယ်၊ စိတ်ဖိစီးမှု သက်သာစေတယ် အစရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပေမဲ့ ဘိန်းပင်စိုက်ပျိုးတာ၊ ဘိန်းလက်ဝယ်တွေ့ရှိတာတွေကတော့ တရားမဝင်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ