ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ရွက်လွှင့်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး

၁၉၇၆ ခုနှစ်မှာ ပိုလန်အမျိုးသမီး ခရိုင်စတိုင်နာ ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ရွက်လွှင့်မယ့် ပထမဆုံး အမျိုးသမီးဖြစ်လာဖို့ ရွက်လွှင့်ခရီးစဉ် စတင်ခဲ့ပါတယ်။ သူဟာ မာဇူရက်ခ်လို့ အမည်ပေးထားတဲ့ Conrad 32 ရွက်လှေနဲ့ ရေမိုင် ၃၁၁၆၆ မိုင်အထိ ခရီးနှင်ခဲ့တာပါ။

ခရိုင်စတိုင်နာဟာ မုန်တိုင်းဒဏ်၊ အထီးကျန်မှုနဲ့ အခြားစိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး ပင်လယ်ထဲမှာ ၁၃ လကျော် ခရီးနှင်ကာ ၁၉၇၈ ခုနှစ် ဧပြီလမှာတော့ ကမ္ဘာတစ်ပတ် ခရီးစဉ် ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ရွက်လွှင့်နိုင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ