ဒဏ္ဍာရီတွေ ပုံပြင်တွေ ရှေးစကားတွေနဲ့အဆိုရှိခဲ့တဲ့ ကျောက်ဆည်မြို့
သမိုင်း၀င် ကျောက်သေတ္တာကြီးနဲ့ မနုစာရီတို့ဆက်စပ်ပုံအကျဥ်း

(စာရေးဆရာ -မင်းသိင်္ခစာအုပ်မှ အကျဥ်းယူထားပါသည်)
ရှေးနှစ်ပေါင်း၂၀၀၀ကျော်လောက်က ပညာအရာ၌ပါထူးချွန်လှတဲ့ ပြိုင်စံရှားအလှဘုရင်မလေး မနုစာရီဟာ ချစ်သူအတိတျာမင်းသား စစ်တိုက်ထွက်နေစဥ်မှာ သူမအကျိုးကိုမလိုလားသူမိန်းကလေးတယောက်ရဲ့ ဘေးတွန်းစကားများကြောင့် မင်းတော်ပြည်တော်၌ ဂျေရာအမှတ်လေးရှိတဲ့သူမရဲ့လက်တဖက်ကို မင်းအပြစ်ဒဏ်ကြောင့် ဆုံးရှုံးလိုက်ရပါတယ်😥💔
မ%တ&ရားအပြစ်ဒဏ်ကြောင့် ဆုံးရှုံးသွားခဲ့ရတဲ့အတွက်ကြောင့် မနုစာရီက တိုင်တည်ဤသို့သစ္စာဆိုခဲ့ပါသည်….💔😢

မနုစာရီ အပြစ်ကင်းကြောင်းမှန်ကန်ပါသည် ဤမှန်သောသစ္စာစကားကြောင့် မနုစာရီ၏ ဆုံးရှုံးသွားရတဲ့လက်တစ်ဖက်ဟာ နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ မ-ုပ်မသိုးပဲအကောင်းအတိုင်းရှိပါစေသား🙏ချစ်သူအတိတျာမင်းသားကိုယ်တိုင် ထိုလက်တဖက်အား မနုစာရီဆီပြန်ယူလာတပ်ဆင်ပေးပြီး နောင်ပွင့်လာမည့် မြတ်စွာဘုရားအား ချစ်သူအတိတျာမင်းသားနဲ့အတူ လက်ဆယ်ဖျားမိုး၍ ဖူးမျှော်ရပါစေသား……..ဟုတိုင်တည်ကာ အတိတျာမင်းသားအား မန်းချောင်းတောရ၌ စောင့်မြဲစောင့်နေခဲ့ပါ၏
အတိတျာမင်းသား တိုင်းပြည်ပြန်ရောက်တဲ့အချိန်တွင် မြို့ပျက်ကြီးဖြစ်နေခဲ့ပြီး သက်ရှိတယောက်တလေမှ မရှိတော့.. ချစ်သူမနုစာရီအစား သူမရဲ့ဂျေရာအမှတ်ပါတဲ့ လက်တစ်ဖက်ကိုသာ တွေ့ရပါတော့တယ်
အတိတျာဟာ မနုစာရီရဲ့လက်လေးကို ထိခိုက်မိမှာစိုးတာကြောင့် သူ့ရဲ့စစ်၀တ်တန်ဆာများသေချာထုပ်ပိုးပြီး ယခုကျောက်ဆည်မြို့ ေ၀ဘူတောင်တွင် သေချာသိမ်းထားခဲ့ပါသည်
အတိတျာမင်းသား ထိုဘ၀ကွယ်လွန်သည်အထိ မနုစာရီလေးနဲ့ ပြန်မတွေ့ခဲ့ပေ…..
မနုစာရီကလဲ ယခုထက်တိုင် အတိတျာမင်းသားက သူမရဲ့လက်လေးယူလာဆက်ပေးမည်ကို နှစ်ပေါင်းထောင်ချီကြာအောင် စာင့်နေလျက်
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ