Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ

Local News

မိသားစုနဲ့ပြန်ဆုံဖို့ အသက်ရှင်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကြိုးစားနေထိုင်ခဲ့တယ်လို့ မန္တလေး Golden Country ဟိုတယ်ပြိုကျတဲ့အောက်မှာ အလင်းရောင် မမြင်ရဘဲ ၅ ရက်ကြာ ပိတ်မိခဲ့တဲ့ ဦးစန်းလွင်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၈ ရက်မှာ မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်နေခဲ့တဲ့ ဦးစန်းလွင်ဟာ အင်အားပြင်းငလျင်လှုပ်ချိန်မှာ ပြိုကျခဲ့တဲ့ Golden Country (ရွှေနိုင်ငံ) ဟိုတယ် အပျက်အစီးအောက်မှာ ရက်ပေါင်းများစွာ ပိတ်မိနေခဲ့တာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ

“အိတ်ထဲမှာ အိုဗာတင်းအထုပ်လေးပါတယ်။ အဲဒါနဲ့ ကိုယ့်ကျဥ်ငယ်ရည် ဖျော်သောက်ပြီးနေခဲ့တာ။ ‌ရက်လည်းကြာလာတော့ ငါ့ကို လာမကယ်တော့ပါဘူးလေဆိုပြီး စိတ်လျှော့ချိန်ကျတော့ ကယ်ဆယ် ရေးတွေလာတဲ့အသံ ကြားလိုက်ရတော့တာပဲ” လို့ ဦးစန်းလွင်က ပြောပါတယ်။

ပိတ်မိပြီး ၅ ရက် (၁၂၅နာရီ) အကြာ၊ ဧပြီ ၂ ရက်မှ တရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေက သူပိတ်မိနေတဲ့အပျက်အစီးအောက်ကို လက်လှမ်းမီပြီး သူ့ကို အပြင်ရောက်အောက် ကယ်ထုတ်ပေးခဲ့တာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဟိုတယ်အောက်မှာ ၅ ရက်ကြာ ရှင်နိုင်အောင် ဦးစန်းလွင် ဘယ်လိုနေနိုင်ခဲ့လဲ

တဖက်မှာတော့ ဦးဆန်းလွင် သေဆုံးပြီအထင်နဲ့ သူ့ကိုရည်စူးပြီး ရွာမှာ ရက်လည်ဆွမ်းကပ် ဖို့တောင် မိသားစုက ပြင်ဆင်နေခဲ့ကြပါတယ်။

“ထွက်လာတော့ ကယ်ပေးတဲ့ကောင်လေးကို ကျွန်တော် ခပ်တင်းတင်း အကြာကြီး ဖက်ထားမိတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်” လို့ သူကပြောပါတယ်။

မန္တလေးက ဆေးရုံမှာ ၃ ရက်ကြာဆေးကုသမှုခံယူအပြီးမှာတော့ ဦးစန်းလွင်ဟာ မိသားစုနဲ့အတူ ဧရာဝတီတိုင်းက ဇာတိမြို့ကို ပြန်ရောက်နေပါပြီ။

လက်ရှိကျန်းမာရေးလည်းကောင်းမွန်တယ်လို့ သူက ဘီဘီစီကို ပြီးခဲ့တဲ့နာရီပိုင်းမှာပဲ ပြောပါတယ်။

ရေးသားသူ- BBC Burmese

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...