Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘင်္ဂလားပင်လယ်အော်၌ ၄၈ နာရီအတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်၊ ငလျင်ဒဏ်သင့်ဒေသများ အမိုးအကာများစီစဉ်ထားရန်လိုအပ်နေ

ဘင်္ဂလားပင်လယ်အော်၌ ၄၈ နာရီအတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်၊ ငလျင်ဒဏ်သင့်ဒေသများ အမိုးအကာများစီစဉ်ထားရန်လိုအပ်နေ

Local News

ဘင်္ဂလားပင်လယ်အော်၌ ၄၈ နာရီအတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်၊ ငလျင်ဒဏ်သင့်ဒေသများ အမိုးအကာများစီစဉ်ထားရန်လိုအပ်နေ

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၆ ရက်) မွန်းလွဲ ၂ နာရီတွင်ထုတ်ပြန်သည်။

“ယနေ့မြန်မာစံတော်ချိန် (၁၃:၃ဝ) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်” ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတို့တွင်လည်း မနက်ဖြန်(ဧပြီ ၇ ရက်) နံနက်ပိုင်းအထိ မိုးထစ်ချုန်း၍နေရာကွက်ကျားမိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်းမိုးဇလ၏ထုတ်ပြန် ချက်အရသိရသည်။

မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း မနက်ဖြန်(ဧပြီ ၇ ရက်)မှ စတင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်လာနိုင်ချေနှင့် မြန်မာကမ်းရိုးတန်းဘက်သို့ဆက်လက်ရွေ့လျားနိုင်သည့် ဖြစ်နိုင်ချေများမြင့်တက်လာကြောင်း ၎င်း၏လူမှုကွန်ရက်တွင်အသိပေးထားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘင်္ဂလားပင်လယ်အော်၌ ၄၈ နာရီအတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်၊ ငလျင်ဒဏ်သင့်ဒေသများ အမိုးအကာများစီစဉ်ထားရန်လိုအပ်နေ
ဘင်္ဂလားပင်လယ်အော်၌ ၄၈ နာရီအတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်၊ ငလျင်ဒဏ်သင့်ဒေသများ အမိုးအကာများစီစဉ်ထားရန်လိုအပ်နေ

ထို့ပြင် ငလျင်ဒဏ်သင့်ဒေသခံများအတွက် အမိုးအကာများ စတင်စီစဉ်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊ ရုတ်တရက် မိုးများနိုင်မည့်အခြေအနေကြောင့် ရေကြီးနိုင်မည့်အန္တရာယ်ရှိလာနိုင်ကြောင်း၊ ငလျင်ထိထားသည့် မြေအောက်မြေထုလွှာအခြေအနေများကြောင့် မြေပြို/မြေကျွံနိုင်သည့် အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ်ကြောင်း ဦးဝင်းနိုင်ကဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဌာန၏ထုတ်ပြန်ချက်အရ မနက်ဖြန်(ဧပြီ ၇ ရက်) နံနက်ပိုင်း အထိ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးဇလကဆက်လက်ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ လေးပေမှခုနစ်ပေခန့် ရှိနိုင်ကြောင်းသိရသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...