Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

Local News

မြန်မာမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးဖို့ ဂျပန်ရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး(JDR) က ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ ဒုတိယအသုတ်ဟာ ဒီနေ့မှာ မြန်မာကို ရောက်လာပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ
မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

အဖွဲ့ဝင် အယောက် ၂၀ ဝန်းကျင်ပါတဲ့ ဒီအဖွဲ့ဟာ ရန်ကုန်မြို့က အပြည်ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ မနက်ပိုင်းမှာ ဆိုက်ရောက်တာဖြစ်ပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ
မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

ဧပြီလ ၂ ရက်ကတည်းက ရောက်တဲ့ JDR ရဲ့ ဆေးဝါးကုသရေး ပထမအဖွဲ့ဟာ မန္တလေးမှာ လူနာပေါင်း အယောက် ၉၀၀ ကျော်ကို ဆေးဝါးကုသမှုပေးထားပြီးဖြစ်ပြီး ဆရာဝန်နဲ့သူနာပြု အယောက် ၃၀ ကျော် ပါဝင်ပါတယ်။

မန္တလေးရောက် JDR အဖွဲ့တွေရဲ့ ကုသမှုအပိုင်းမှာ အ‌ထောက်အကူဖြစ်နိုင်ဖို့ဆိုပြီး လိုအပ်တဲ့ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေပါတဲ့ ပစ္စည်းတွေကို ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ C- 30 လေယာဥ်နဲ့ မန္တလေးလေဆိပ်မှာ လာရောက်ပေးအပ်သွားတာလည်း ရှိပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ
မြန်မာငလျင်အတွက် ဂျပန်ရဲ့ ဆေးဝါးကုသရေးအဖွဲ့ ဒုတိယအသုတ် ရောက်လာ

အခုရောက်လာတဲ့ JDR က ကုသရေး ဒုတိယအသုတ်ဟာလည်း ငလျင်ဒဏ်သင့်ဒေသတွေမှာ ဆေးဝါးကုသမှုတွေကို ဆက်လုပ်သွားမယ်လို့ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်အစိုးရဟာ မြန်မာငလျင်အတွက် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရှိမယ့် လူသားချင်းစာနာမှု အကူအညီကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA) ကနေတဆင့် ပေးအပ်သွားမယ်လို့ ပြောထားပါတယ်။

ရေးသားသူ- BBC Burmese

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...