Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်

Local News

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်လာကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ယနေ့(ဧပြီ ၂၄ ရက်)ထုတ်ပြန်ချက်အရသိရသည်။
မကွေးတိုင်းရှိချောက်မြို့မှာ ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၈) နေရာ၌ အပူချိန် ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြင့်ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်
ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်

ချောက်မြို့သည် ပြီးခဲ့သည့်(မတ် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်) များတွင်လည်း ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်းနံပါတ်(၂) နေရာသို့သုံးရက်တိုင်ရောက်ရှိခဲ့ကြောင်း El Dorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နှစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်များတွင်လည်း ချောက်မြို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံးနံပါတ်(၁) နေရာသို့ရောက်ရှိခဲ့သေးကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကို နေ့စဉ်ဖော်ပြသည့်မှတ်တမ်းများအရ သိရသည်။

“မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းရေရှားဒေသများအပါအဝင် ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာ မိုးရွာနိုင်ချေအလွန်နည်းပါးနေတာတွေ့ရပါတယ်။ အလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်ကျော်သည်အထိ မြင့်တက်လာနိုင်ပါမယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်
ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်

နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သို့ထွက်ခွာလျှင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူရောင် အဝတ်အထည်၊ ချည်ထည်များကိုသာဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ(သို့) ဓာတ်ဆားရည်ကို သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...