ငလျင်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးနှင့်စစ်ကိုင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံများပြင်ဆင်မှုမပြီးသေး

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံများ ပြန်လည်ပြင်ဆင်မှုမပြီးသေးကြောင်း နစက၏လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန်နေ့(ဧပြီ ၆ ရက်) တွင်ထုတ်ပြန်သည်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ငလျင်ဒဏ်သင့်မန္တလေးနှင့်စစ်ကိုင်းမြို့ရှိ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးချို့ယွင်း မှုများဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင်ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားခွဲရုံများပျက်စီးမှုကို လူအင်းအားအသုံးပြု၍ပြုပြင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိမန္တလေတိုင်းအတွင်း ၅၈ ဒသမ ၃၈ ရာခိုင်နှုန်းနှင့်စစ်ကိုင်းတိုင်း အတွင်း ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးထားကြောင်းသိရသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ