ငလျင်ကြောင့် နေပြည်တော်မီးသတ်ရုံးချုပ်နှင့်
ဦးစီးမှူးရုံး မျှော်စင်ပြိုကျမှု ရှစ်ဦးဒဏ်ရာရ၊ကလေးတစ်ဦးသေဆုံး

အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ရှိ မီးသတ်ဦးစီးဌာန (နေပြည်တော်)ရုံးချုပ်နှင့် နေပြည်တော် မီးသတ်ဦးစီးမှူးရုံး အဆောက်အအုံပေါ်ရှိ ငါးထပ်မီးသတ်မျှော်စင်ပြိုကျမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း ယမန်နေ့(ဧပြီ ၄ ရက်)က မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြိုကျပျက်စီးခဲ့သော ငါးထပ် မီးသတ်မျှော်စင်နှင့် မီးသတ်ရုံးကြီးအား ယနေ့(ဧပြီ ၅ ရက်)တွင် အန္တရာယ်ရှိ အဆောက်အဦအပေါ်ပိုင်းအစိတ်အပိုင်းများအား ဖြိုချဖျက်စီး ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့မှ Structure Engineer များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အင်ဂျင်နီယာမီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ Structure Assessment စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ