Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

Local News
ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး
ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ငလျင်ဒဏ်သင့်အရပ်တွေမှာ အစ္စလာမ် ဘာသာဝင် ၆၇၃ ဦး သေဆုံးပြီး ဗလီ ၁၃၆ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး
ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

ငလျင်ကြောင့် ဒဏ်ရာရတဲ့ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာလည်း ၄၂၀ နီးပါးရှိပြီး ဒီထိခိုက် သေဆုံးမှုဟာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းနဲ့ ကရင်ပြည်နယ်တို့မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး
ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာ ယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကနေ ဒီအချက်အလက်တွေကို သိရတာဖြစ်ပါတယ်။

မတ် ၃၁ ရက်တုန်းကတော့ အစ္စလာမ်ဘာသာဝင် ၅၀၀ ဝန်းကျင်သေဆုံးတယ်ဆိုတာကို စစ်ခေါင်းဆောင်က ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ မြန်မာမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ အခြေအနေအကြောင်း ဖုန်းခေါ်ဆို ပြောကြားချိန်မှာ ပြောထားပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး
ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော်သေဆုံး

ဒါကြောင့် သီတင်း ၂ ပတ်အတွင်း ငလျင်ကြောင့် သေဆုံးတဲ့ အစ္စလာမ်ဘာသာဝင်အရေအတွက် ၁၇၀ ကျော် မြင့်တက်လာတာလို့ နားလည်ရပါတယ်။

တစ်ဖက်မှာလည်း ငလျင်ဒဏ်ကြောင့် တစ်ရပ်ကွက်တည်းက ဗလီ ၃ ဦးပြိုကျခဲ့ပြီး ဝတ်ပြုဆုတောင်းသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ စစ်ကိုင်းမြို့မှာတော့ ဗလီ အပျက်အစီးတွေအောက်မှာ ရှာဖွေ ကယ်ဆယ်ရေးတွေ ရပ်လိုက်ပြီလို့ သိရပါတယ်။

“မင်းလမ်းက ဗလီ ၃ လုံး စလုံးကတော့ ကယ်ဆယ်ရေးလုပ်နေတာမရှိတော့ဘူး။ (ဗလီတွေ) ပြန်ဆောက်ဖို့ စက်နဲ့ ဖြိုချတာမျိုးလည်း မလုပ်နိုင်ကြသေးဘူး” လို့ ငလျင်ကြောင့် အထိနာခဲ့တဲ့ စစ်ကိုင်း မင်းလမ်းရပ်ကွက်နေသူတစ်ဦးက ဘီဘီစီကို ဧပြီလ ၁၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေထဲမှာ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုး၊ သာသနိက အဆောက်အဦတွေအပြင် ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ ပြိုကျလို့ ရဟန်းနဲ့ သီလရှင် အပါး ၂၁၀ ကျော် ပျံလွန်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ ဘုန်းကြီးကျောင်း ၃,၈၄၁ ကျောင်း နဲ့ သီလရှင်ကျောင်း ၁၈၇ ကျောင်းလည်း ပျက်စီးပြီး ရဟန်း ၁၅၉ ပါး နဲ့ သီလရှင် ၅၅ ပါး ပျံလွန်ခဲ့တယ်လို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနက ဆိုထားပါတယ်။

ရေးသားသူ- BBC Burmese


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...