Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျမှု ရုပ်အလောင်း ၆၀ ကျော်တွေ့ရှိ

ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျမှု ရုပ်အလောင်း ၆၀ ကျော်တွေ့ရှိ

Local News

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအင်အားပြင်းငလျင်ကြောင့်ပြိုကျခဲ့ပြီးနောက်ယနေ့(ဧပြီ ၇ ရက်)အထိ ရုပ်အလောင်း ၆၀ ကျော်တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မီးသတ်ဦးစီးဌာန၏ ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်အထိ ရရှိထားသည့်စာရင်းများအရ သေဆုံးသူ စုစုပေါင်း ၆၄ ဦး၏ ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းကွန်ဒို ပြိုကျမှုတွင် ၄၅ ဦး ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ရှာဖွေမှုများဆက်လက်လုပ်‌ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွန်ဒိုမှာ ၁၁ ထပ်အမြင့်ရှိပြီး ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇အဆင့်ရှိ ငလျင်ကြောင့် အဆောက်အဦ လေးထပ်ပြိုကျပျက်စီးခဲ့ပြီး ယင်း အ‌ဆောက်အဦအတွင်း နေထိုင်သူများ ပိတ်မိခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျမှု ရုပ်အလောင်း ၆၀ ကျော်တွေ့ရှိ
ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျမှု ရုပ်အလောင်း ၆၀ ကျော်တွေ့ရှိ

ပြိုကျပျက်စီးခဲ့သည့် Sky Villa ကွန်ဒိုမှာရောင်းချစဉ်က ငလျင်ဒဏ်ခံဖောင်ဒေးရှင်းစနစ်အသုံးပြုထားကြောင်း ကြေညာခဲ့သော်လည်းငလျင်လှုပ်ခတ်ရာတွင် ပြိုကျခဲ့ပြီး လူအများအပြားထိခိုက်သေဆုံးကာ လူမှုကွန်ရက်စာမျက်နှာတွင်ဝေဖန်မှုများစွာထွက်ပေါ်လျက်ရှိသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...