Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ စစ်ကိုင်း၊မကွေး နှင့် ရန်ကုန်တိုင်းတို့၌ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်

စစ်ကိုင်း၊မကွေး နှင့် ရန်ကုန်တိုင်းတို့၌ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်

Local News

ဧပြီ ၁၄ရက်နံနက်ပိုင်းက စစ်ကိုင်း၊မကွေး နှင့် ရန်ကုန်တိုင်းတို့တွင် ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထုထုတ်ပြန်ချက်အရသိရသည်။

မကွေးတိုင်း၊တောင်တွင်းကြီးမြို့၏ တောင်-အ‌ရှေ့တောင်ဘက် (၁၂) မိုင် ခန့်အကွာကိုဗဟိုပြု၍ နံနက် ၂နာရီ ၃၂ မိနစ် ၃၁ စက္ကန့်က အင်အားရစ်ခ်တာစကေး ၅ အဆင့်ရှိမြေငလျင် နှင့် ရန်ကုန်တိုင်း၊ထန်းတပင်မြို့၏ အရှေ့တောင်ဘက် (၄၉) မိုင်ခန့်အကွာကိုဗဟိုပြု၍ နံနက် ၈ နာရီ ၂၄ မိနစ် ၁၈ စက္ကန်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိမြေငလျင်တို့လှုပ်ခတ်ခဲ့ကြောင်း အဆိုဌာနက ထုတ်ပြန်ထားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ စစ်ကိုင်း၊မကွေး နှင့် ရန်ကုန်တိုင်းတို့၌ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်
စစ်ကိုင်း၊မကွေး နှင့် ရန်ကုန်တိုင်းတို့၌ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်

ထို့ပြင် စစ်ကိုင်းတိုင်း၊မင်းကင်းမြို့၏ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ နံနက် ၁၁ နာရီ ၆ မိနစ် ၄၇စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၅အဆင့်ရှိမြေငလျင်လှုပ်ခတ်မှုတို့ဖြစ်ခဲ့ကြောင်း အဆိုပါ ဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ (ဧပြီ ၁၃ ရက်)ကလည်း မန္တလေးတိုင်း၊ဝမ်းတွင်းမြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိငလျင်၊နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၃ အဆင့်ရှိငလျင်၊မန္တလေးတိုင်း၊မန္တလေးမြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ အဆင့်ရှိ ငလျင် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊မောက်မယ်မြို့ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...