နောက်ဆက်တွဲမြေငလျင် (၉၇) ကြိမ်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် စုစုပေါင်း (၉၇) ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၇ ရက်) မွန်းလွဲပိုင်းတွင်ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုအကြိမ်ရေများမှာ မတ် ၂၈ ရက်တွင် (၁၂) ကြိမ်၊ မတ် ၂၉ ရက်တွင် (၁၁) ကြိမ်၊ မတ်လ ၃၀ ရက်တွင် (၁၀) ကြိမ်၊ မတ်လ ၃၁ ရက်တွင် (၁၃) ကြိမ်၊ ဧပြီ ၁ ရက်တွင် ခုနစ်ကြိမ်၊ ဧပြီ ၂ ရက်တွင်ရှစ်ကြိမ်၊ ဧပြီ ၃ ရက်တွင်ရှစ်ကြိမ်၊ ဧပြီ ၄ ရက်တွင်ခြောက်ကြိမ်၊ ဧပြီ ၅ ရက်တွင် (၁၁) ကြိမ်၊ ဧပြီ ၆ ရက်တွင်ခုနစ်ကြိမ်နှင့် ယနေ့(ဧပြီ ၇ ရက်) တွင် လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန် ချက်အရသိရသည်။

ယနေ့နံနက် ၉ နာရီ ၄၄ မိနစ် ၄၇ စက္ကန့်တွင် အုတ်တွင်းမြို့၏အနောက်ဘက်တစ်မိုင်ခန့်ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေးသုံးအဆင့်ရှိငလျင်နှင့် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ် ၃၉ စက္ကန့်တွင် အုတ်တွင်း မြို့၏အရှေ့-အရှေ့မြောက်ဘက်ငါးမိုင်ခန့်ကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ ငလျင်တို့လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားပြီး နောက်ထပ်ငလျင်လှုပ်ခတ်မှုနေရာနှစ်ခုကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် ယနေ့အထိသေဆုံးသူ ၃၅၁၄ ဦး၊ ဒဏ်ရာရသူ ၄၈၀၉ ဦးနှင့်ပျောက်ဆုံးသူ ၂၁၀ ဦးအထိရှိလာကြောင်း၊ ပျက်စီးဆုံးရှုံးမှုများမှာ ဘုရားစေတီပေါင်း ၄၈၁၇ ဆူပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့်ဘုန်းကြီးကျောင်းများအပါအဝင် အဆောက်အဦစုစုပေါင်း ၉၉၆၆ ခုပျက်စီးခဲ့ ကြောင်း နစက က ထုတ်ပြန်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ