Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မတ် ၂၈ ရက် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်ပေါင်း (၂၉၆)ကြိမ် လှုပ်ခတ်ခဲ့

မတ် ၂၈ ရက် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်ပေါင်း (၂၉၆)ကြိမ် လှုပ်ခတ်ခဲ့

Local News

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီ ၃ ရက်အထိနောက်ဆက်တွဲ မြေငလျင်ပေါင်း(၂၈၈)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန ငလျင်တိုင်းတာရေးဌာနခွဲက သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ဧပြီ ၄ ရက် ညဉ့်သန်းခေါင်ယံနှင့် ဧပြီ ၅ ရက် နံနက် ၉ နာရီကြားကာလအတွင်းကလည်း မြန်မာနိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှု ရှစ်ကြိမ်အထိရှိခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန၏ အဆို အရသိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မတ် ၂၈ ရက် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်ပေါင်း (၂၉၆)ကြိမ် လှုပ်ခတ်ခဲ့
မတ် ၂၈ ရက် ငလျင်နောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်ပေါင်း (၂၉၆)ကြိမ် လှုပ်ခတ်ခဲ့

မတ် ၂၈ ရက် အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်း ထပ်မံလှုပ်ခတ်ခဲ့သော မြေငလျင်များ၏ အင်အားမှာ ရစ်ချ်တာစကေး ၁ နှင့် ၅ ဒသမ ၉ အကြားတွင်ရှိကြောင်း ထိုင်းမိုးလေဝသဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်များမှာမူ အင်အားရစ်ချ်တာစကေး ၁ ဒသမ ၇ နှင့် ၃ ဒသမ ၈ အကြားရှိပြီး မြေအောက်အနက်သုံးကီလိုမီတာနှင့် ၁ဝ ကီလိုမီတာအကြားတွင် လှုပ်ခတ်ခဲ့သောမြေငလျင်များဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက် မြေငလျင်ဒဏ်ကို ထိုင်းနိုင်ငံလည်းခံစားခဲ့ရပြီး ဗန်ကောက်မြို့တော်ရှိဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာလူအများအပြားသေဆုံးခဲ့ရသည်။

ငလျင်ဗဟိုချက်ရှိရာမြန်မာနိုင်ငံတွင်မူ မတ် ၂၈ ရက် မြေငလျင်ဒဏ်ကြောင့် ဧပြီ ၄ ရက်အထိ သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရသူ ၄၈၅ဝ၊ ပျောက်ဆုံးနေသူ၂၂ဝ ရှိကြောင်း သိရသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...