မန္တလေးမစိုးရိမ်တိုက်သစ်ပြိုကျမှု ရှာဖွေကယ်ဆယ်ရေးရပ်နားပြီဟုဆို

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်မစိုးရိမ်တိုက်သစ် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များရပ်နားလိုက်ပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဦးမင်းမြတ်ဦးက MRTV ရုပ်သံနှင့်အင်တာဗျူးတွင်ပြောသည်။

“အသက်ရှင်ကျန်ရစ်သူမရှိတော့တဲ့အခါကျတော့ အဆောက်အဦရှင်းလင်းရေးနဲ့ကျန်ခဲ့တဲ့ သံဃာတော်များရဲ့ရုပ်ကလာပ်တော်တွေကိုထုတ်သွားပါမယ်။ ဒီမှာက ဓမ္မစရိယစာမေးပွဲမေးခွန်းဝေခါနီးမှာ ငလျင်ကြီးလှုပ်လိုက်တဲ့အခါ စာဖြေခန်းကထွက်ပေါက်တစ်ပေါက်ပဲရှိတယ်။ ရုတ်တရက်ထပြီးစုပြုံတိုးတဲ့အချိန် တိုက်ကပြိုကျတော့ အားလုံးပိပြီးပျံလွန်တော်မူကြတဲ့သဘောရှိပါတယ်။ ဒီမှာစာဖြေတာ ၂၅၀ လောက်ရှိပါမယ်။ ထိခိုက်ဒဏ်ရာနဲ့သက်ရှိထင်ရှားပြန်ရတာကတော့ ၈၅ ပါးလောက်ပဲရှိပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါမစိုးရိမ်တိုက်သစ်မှာ မန္တလေးမြို့၊ သဗြူးရပ်ကွက်၊ စိန်ပန်းရပ်၊ ၃၈-၄၁ ကြားတွင်ရှိသည့် အကြီးဆုံးပရိယတ္တိစာသင်တိုက်ဖြစ်ပြီး ပြီးခဲ့သည့်မတ် ၂၈ ရက်တွင် ဓမ္မစရိယစာမေးပွဲဖြေဆိုချိန် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ပြိုကျခဲ့ခြင်းဖြစ်သည်။
ယင်းမစိုးရိမ်တိုက်သစ်၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ငလျင်ဒဏ်ကြောင့်ပျံလွန်တော်မူသည့် သံဃာတော် ၂၁ ပါးနှင့်ထိခိုက်ဒဏ်ရာရရှိသည့် သံဃာ ၄၅ ပါး၏စာရင်းကိုထုတ်ပြန်ဖော်ပြထားသည်။
အဆိုပါမစိုးရိမ်တိုက်သစ်အား ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ပြည်တွင်းမှသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များအပြင် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ