Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို

မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို

Local News
မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို
မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို

မန္တလေးမြို့၌မိုးသည်းထန်စွာရွာသွန်းပြီးနောက် ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ်အဆောက်အဦမှာ ယနေ့(ဧပြီ ၆ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင်ပြိုကျသွားခဲ့ကြောင်း ပရဟိတအဖွဲ့တစ်ဖွဲ့ထံမှသိရသည်။

“ကျွန်တော်တို့က ဘုန်းကြီးကျောင်းမှာထမင်းလှူဖို့ ထမင်းထုတ်တွေသွားသယ်နေတဲ့အချိန် ဝုန်းဆိုတဲ့အသံနဲ့အတူ သူ့ဟာသူလဲကျသွားတာ။ ကျွန်တော်တို့အဖွဲ့အဲဒီလမ်းထိပ်ရောက်မှ ပြိုတာဆိုတော့ အားလုံးမြင်လိုက်တယ်။ အထဲမှာကယ်ဆယ်ရေးတွေရှိ၊ မရှိ ဒဏ်ရာရတဲ့သူ ရှိ၊ မရှိဆိုတာ တော့သေချာမသိပါဘူး။ အဲဒီနေရာကိုလည်း အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားလို့ အပြင်အဖွဲ့တွေဝင်လို့မရပါဘူး” ဟု အဆိုပါပရဟိတအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို
မန္တလေး၌ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ် ပြိုကျဟုဆို

အဆိုပါဂရိတ်ဝေါဟိုတယ်မှာရှစ်ထပ်ရှိပြီး မြေညီထပ်နှင့်ပထမထပ်မှာငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျကာ နှစ်လွှာမှရှစ်လွှာအထိကျန်ရှိပြီး သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များက ယင်းဟိုတယ်ကို အန္တရာယ်ရှိအဆောက်အဦအဖြစ်သတ်မှတ်ထားသည်။
မတ်လ ၃၀ ရက်တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့် အိန္ဒိယနိုင်ငံမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဂရိတ်ဝေါဟိုတယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

မတ်လ ၃၁ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နှင့်ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူအမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းသို့ရှာဖွေမှုများလုပ်ဆောင်းပြီးနောက် ဟိုတယ်အုပ်ချုပ်ရေးဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းများကို ကန့်သတ်မှုများရှိလာသောကြောင့် ဟိုတယ်တွင်ပိတ်မိသူများ၏မိသားစုဝင်များက ဟိုတယ်ရှေ့လမ်း ဘေးတွင် လက်အုပ်ချီတောင်းပန်၍ ရှာဖွေမှုများဆက်လက်လုပ်ဆောင်ပေးရန် တောင်းဆိုသည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဂရိတ်ဝေါဟိုတယ်၌ ရှာဖွေရေးလုပ်ငန်းများပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ရေးသားသူ- The Standard Time Daily

 


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...