မလေးရှားနှင့်အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ပြန်လည်ထွက်ခွာ

မလေးရှားနှင့်အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မလေးရှားနိုင်ငံမှ လာရောက်သည့် SMART ကယ်ဆယ်ရေးအဖွဲ့မှာ စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပြန်လည်မထွက်ခွာမီ တာဝန်ရှိသူများမှ ချစ်ခင်ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြပြီး ရင်ထိုးတံဆိပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။


အဆိုပါအဖွဲ့မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး တွင် ရောက်ရှိာလသည့်အဖွဲ့ဖြစ်ပြီး လူအချို့ ကို ကယ်ဆယ်နိုင်ခဲ့ကာ ရုပ်အလောင်းအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အတူ မန္တလေးမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော အိန္ဒိယနိုင်ငံ National Disaster Response Force(NDRF)မှ တပ်ဖွဲ့ဝင်များ ပြန်လည်မထွက်ခွာမီ တာဝန်ရှိသူများမှ ချစ်ခင်ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာရင်ထိုးတံဆိပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေးသားသူ- Eleven Media Group
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ