Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်

မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်

Local News
မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ
မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်
မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်

အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၀၁ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၉ရက်) ညနေ ၃ နာရီ ၄၉ မိနစ်တွင် ထုတ်ပြန်ခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်
မြေငလျင် စုစုပေါင်း(၁၀၁) ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗဟိုပြုမှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းဖြစ်ဟု မိုးဇလထုတ်ပြန်

ငလျင်လှုပ်ခတ်မှုအကြိမ်ရေများမှာ မတ် ၂၈ ရက်တွင် (၁၃) ကြိမ်၊ မတ် ၂၉ ရက်တွင် (၁၁) ကြိမ်၊ မတ်လ ၃၀ ရက်တွင် (၁၀) ကြိမ်၊ မတ်လ ၃၁ ရက်တွင် (၁၃) ကြိမ်၊ဧပြီ ၁ ရက်တွင် (ခုနစ်)ကြိမ်၊ဧပြီ ၂ ရက်တွင် (ရှစ်)ကြိမ်၊ဧပြီ ၃ ရက်တွင် (ရှစ်)ကြိမ်၊ဧပြီ ၄ ရက်တွင် (ခြောက်)ကြိမ်၊ဧပြီ ၅ ရက်တွင် (၁၁) ကြိမ်၊ဧပြီ ၆ ရက်တွင် (ခုနစ်)ကြိမ်၊ဧပြီ ၇ ရက်တွင် (ငါး)ကြိမ်၊ဧပြီ ၈ ရက်တွင် (ရှစ်ကြိမ်) နှင့် ယနေ့ ဧပြီ ၉ ရက်တွင် (သုံးကြိမ်)လှုပ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများအနက် ဗဟိုပြုလှုပ်ခတ်မှုအများဆုံးမှာ မန္တလေးတိုင်းအတွင်းရှိ မြို့များဖြစ်ကြောင်း၊ ယနေ့ နံနက် ၄ နာရီ၊၅၁ မိနစ်၊၄၈ စက္ကန့်တွင်လည်း မန္တလေးတိုင်းအတွင်းရှိ မြစ်သားမြို့တွင် အင်အားရစ်ခ်တာ စကေး ၃ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး စဉ့်ကူးမြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီ၊၂၉ မိနစ်၊၁၉ စက္ကန့်တွင်အင်အားရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင် နှင့် ယနေ့ ညနေ ၃ နာရီ၊၁၇မိနစ်၊၂၁ စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၄ အဆင့်ရှိလှုပ်ခတ်ခဲမှုများဖြစ်ပွားခဲ့ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

နစက၏ (ဧပြီ ၈ ရက်)၊ည ၈နာရီအချိန်အထိ နောက်ဆုံးရရှိထားသည့် စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သေဆုံးသူ ၃၃၅၄ ဦး၊ဒဏ်ရာရသူ ၅၀၁၇ ဦး နှင့် ပျောက်ဆုံးသူ ၁၄၈ ဦးအထိရှိလာကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိတွင် ပြည်ပနိုင်ငံပေါင်း ၂၀ နိုင်ငံမှ ကယ်ဆယ်ရေး နှင့် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများပေးပို့လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...