Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ရန်ကုန်မှာ မဏ္ဍပ်တွေပြန်ဖျက်ပေမဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်

ရန်ကုန်မှာ မဏ္ဍပ်တွေပြန်ဖျက်ပေမဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်

Local News

ငလျင်ဒဏ်ခံစားနေရပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတဲ့ လက်ရှိအခြေအနေမှာ ရန်ကုန်မြို့ထဲက သင်္ကြန်ရေကစားမဏ္ဍပ်တွေကို ဖျက်နေပေမဲ့ နေပြည်တော်မှာ လမ်းလျှောက် သင်္ကြန်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

အင်အားပြင်း စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်မလှုပ်ခင်က ဆောက်နေတဲ့ ရန်ကုန်မြို့လယ်က သင်္ကြန်မဏ္ဍပ်တွေ၊ ရွှေတိဂုံဘုရား ရင်ပြင်ဘေးပတ်လည်က မဏ္ဍပ်တွေကို အခုချိန်မှာ ပြန်ဖျက်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ရန်ကုန်မှာ မဏ္ဍပ်တွေပြန်ဖျက်ပေမဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်
ရန်ကုန်မှာ မဏ္ဍပ်တွေပြန်ဖျက်ပေမဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်

“ရန်ကုန်မြို့တော် ခန်းမဘေးမှာ နှစ်တိုင်းလုပ်နေကျ မဏ္ဍပ်တွေ၊ လမ်းလျှောက်သင်္ကြန်အတွက် အမိုးအကာတွေကိုပါ အခု ဖျက်လိုက်ပါပြီ”လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

နေပြည်တော်မှာတော့ လမ်းလျှောက်သင်္ကြန် ကျင်းပမဲ့ နေရာတွေကို ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဧပြီ ၁၁ ရက်မှာ သွားရောက်ကြည့်ရှုတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အရင်နှစ်တွေက နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကား ကျင်းပခဲ့ပေမဲ့ ဒီနှစ် မတ် ၂၈ မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ထိခိုက်နစ်နာဆုံးရှုံးရတဲ့ ပြည်သူတွေအများကြီး ရှိတာကြောင့် ဒီနှစ်သင်္ကြန်မှာ ပျော်ပါးကခုန် သီဆိုတာတွေ မပါဝင်ဘဲ လမ်းလျှောက်သင်္ကြန်ကို အေးသင်္ကြန်အဖြစ် ပြောင်းလဲ ကျင်းပတာလို့ ဆိုပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်တာကို အသိအမှတ် ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းလျှောက်သင်္ကြန်အပြင် သနပ်ခါးလိမ်း သရုပ်ဖော်တာ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာ၊ ခြေသည်းလက်သည်း လှီးပေးတာ၊ စတုဒီသာကျွေးတာတွေလည်း ထည့်သွင်းဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။

ရေးသားသူ- BBC Burmese

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...