သင်္ကြန်လေးရက်တွင် ဝိုင်ဘီအက်စ်ယာဉ်လိုင်းများမှ
နေ့စဉ် ယာဉ်စီးရေ တစ်ထောင်ကျော် ပြေးဆွဲမည်

မဟာသင်္ကြန် နှစ်သစ်ကူးရုံး ပိတ်ရက်ကာလအတွင်း အများပြည် သူသယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြို့တွင်း ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း Yangon Bus Public ကုမ္ပဏီလီမိတက်မှ ၃၇၊ ၈၇၊ ၈၉ ယာဉ်လိုင်း၊ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၁၈၊ ၃၅၊ ၅၂၊ ၅၃၊၅၄၊ ၆၁၊ ၆၈၊ ၇၅၊ ၁၃၁၊ ၁၃၇ ယာဉ်လိုင်း၊ ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၅၊ ၃၄၊ ၇ဝ၊ ၉၅၊ ၁၂၉ ယာဉ်လိုင်း၊ အမြင့်မြတ်ဆုံးအင်အားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ၆၊ ၄၆၊ ၉၂ ယာဉ်လိုင်း၊ Power Eleven Public ကုမ္ပဏီလီမိတက်မှ ၂၁၊ ၃၉၊ ၄၁ ယာဉ်လိုင်း၊ ရန်ကုန်မြောက်ပိုင်းတိုက်ကြီးသား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၉ဝ၊ ၁၂၃ ၊ ၁၂၄ ယာဉ် လိုင်း၊ ရွှေလမ်းခင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၄ဝ၊ ၁၄၃ ယာဉ်လိုင်း ၊ GYCT Public ကုမ္ပဏီလီမိတက်မှ ၁၊ ၉၊ ၁၉၊ ၂၃၊ ၁ဝ၃၊ ၁၁၉ ယာဉ်လိုင်း၊ Rapid City Bus Transportation ကုမ္ပဏီလီမိတက်မှ ၄၄၊ ၆၆၊ ၆၇၊ ၇၁၊ ၇၄၊ ၇၇၊ ၇၉၊ ၉၁ ယာဉ်လိုင်း၊ စံဝေလအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၁၃ဝ ယာဉ်လိုင်း၊ Trans Link Public ကုမ္ပဏီလီမိတက်မှ ၂၇၊ ၇၆၊ ၈၁၊ ၈၅၊ ၁၂ဝ၊ ၁၃၂ ယာဉ်လိုင်း၊ ရွှေပြည်သာသားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၄၂၊ ၆၅ ယာဉ်လိုင်း၊ Transport Star Public ကုမ္ပဏီလီမိတက်မှ ၂၂၊ ၁၂၆ ယာဉ်လိုင်း၊ ThetYin Aung Transport Public ကုမ္ပဏီလီမိတက်မှ ၃၃၊ ၄၅ ယာဉ်လိုင်း ၊ ပြည်စံသူ TransportPublic ကုမ္ပဏီလီမိတက် မှ ၈၄၊ ၁၁၁၊ ၁၃၃၊ ၁၃၄၊ ၁၃၆၊ ၁၃၈၊ ၁၃၉၊ ၁၄၂၊ ၁၄၄ စသည့် ယာဉ်လိုင်းများ ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါ ယာဉ်လိုင်းများမှ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်လိုင်း ၆၅ လိုင်းမှ ယာဉ်စီးရေ ၁၂၆၉၊ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်စီးရေ ၁၁၉၂၊ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်စီးရေ ၁၁၈၇၊ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်စီးရေ ၁၁၈၇ တို့က အသီးသီးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ