အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ၁၄ ရက်အတွင်း နောက်ဆက်တွဲငလျင် (၁၀၃) ကြိမ်လှုပ်ခတ်ခဲ့

အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ပြီး ရက်သတ္တနှစ်ပတ်အတွင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု (၁၀၃) ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၁၀ ရက်) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုအကြိမ်ရေများမှာ မတ် ၂၈ ရက်တွင် (၁၃) ကြိမ်၊ မတ် ၂၉ ရက်တွင် (၁၁) ကြိမ်၊ မတ်လ ၃၀ ရက်တွင် (၁၀) ကြိမ်၊ မတ်လ ၃၁ ရက်တွင် (၁၃) ကြိမ်၊ဧပြီ ၁ ရက်တွင် (ခုနစ်)ကြိမ်၊ ဧပြီ ၂ ရက်တွင်ရှစ်ကြိမ်၊ ဧပြီ ၃ ရက်တွင် ရှစ်ကြိမ်၊ ဧပြီ ၄ ရက်တွင် ခြောက်ကြိမ်၊ ဧပြီ ၅ ရက်တွင် (၁၁) ကြိမ်၊ ဧပြီ ၆ ရက်တွင် ခုနစ်ကြိမ်၊ ဧပြီ ၇ ရက်တွင် ငါးကြိမ်၊ ဧပြီ ၈ ရက်တွင် ရှစ်ကြိမ်၊ ဧပြီ ၉ ရက်တွင် ငါးကြိမ်နှင့်ယနေ့(ဧပြီ ၁၀ ရက်) မွန်းလွဲ ၂ နာရီအထိတစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် အရသိရသည်။

ဧပြီ ၁၀ ရက်၊ နံနက် ၉ နာရီ၊ ၂၃ မိနစ်၊ ၄၈ စက္ကန့်တွင် ပဲခူးတိုင်းအတွင်းရှိ တောင်ငူမြို့တွင် အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မိုးဇလကထုတ်ပြန် ထားသည်။
(ဧပြီ ၉ ရက်) ညနေ ၆ နာရီအထိငလျင်ဒဏ်သင့်ဒေသများတွင် သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦးအထိရှိလာပြီး ပြည်ပနိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများပေးပို့လျက် ရှိသော်လည်း နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ကူညီကယ်ဆယ်ရေးများလိုအပ်လျက် ရှိနေသေးကြောင်း သိရသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ