Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေးအဆမတန်ဈေးမြင့်တက်လာဟုဆို

အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေး အဆမတန်ဈေးမြင့်တက်လာဟုဆို

Local News
အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေး
အဆမတန်ဈေးမြင့်တက်လာဟုဆို

 

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေးအဆမတန်ဈေးမြင့်တက်လာဟုဆို
အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေးအဆမတန်ဈေးမြင့်တက်လာဟုဆို

မြန်မာနိုင်ငံ၌အင်းအားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေစျေးနှုန်းမှာနှစ်ဆခန့်မြင့်တက်လာပြီး သံစျေးမှာလည်းတစ်တန်လျှင် ၈၀,၀၀၀ ကျပ် အထိမြင့်တက်ခဲ့ကြောင်း ဆောက်လုပ်ရေးပစ္စည်းလက်ကာအရောင်းဆိုင်များထံမှသိရသည်။

ပြည်ပမှကုန်စည်ကြီးကြပ်မှုကြောင့် ယခုနှစ်ဖေဖော်ဝါရီလတွင် ဘိလပ်မြေများဝင်ရောက်မှုမရှိတော့သည့်အတွက် ဘိလပ်မြေတစ်အိပ်လျှင် ၁၀,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်အထိမြင့်တက်ခဲ့သည်။
ယင်းနောက်ပြည်ပမှဘိလပ်မြေများတင်သွင်းခွင့်ပြန်လည်ခွင့်ပြုခဲ့ရာ ဘိလပ်မြေတစ်အိပ်လျှင် ၁၉,၀၀၀ ကျပ်အထိစျေကျဆင်းခဲ့ပြီး ယခုငလျင်လှုပ်ခတ်ပြီးဧပြီပထမတစ်ပတ်တွင် ဘိလပ်မြေတစ်အိပ်လျှင် ၄၀,၀၀၀ ကျပ်ကျော်အထိမြင့်တက်လာကြောင်း ဘိလပ်မြေရောင်းချသည့်လက်ကာအရောင်းဆိုင်တစ်ဆိုင်ထံမှသိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေးအဆမတန်ဈေးမြင့်တက်လာဟုဆို
အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေနှင့်သံစျေးအဆမတန်ဈေးမြင့်တက်လာဟုဆို

“လက်ရှိပြည်ပကသွင်းတဲ့ဘိပ်လပ်မြေက ပုံမှန်အတိုင်းဝင်ပါတယ်။ ဒါပေမယ့်ပြည်တွင်ကအဓိက အားထားပြီးထုတ်ပေးနေတဲ့ မန္တလေးတိုင်းကဘလပ်မြေစက်ရုံနှစ်ရုံက ငလျင်ကြောင့်ပြိုကျသွားတဲ့အတွက် ဘိလပ်မြေစျေးကွက်မှာ လက်ကျန်ပစ္စည်းပဲရောင်းချနေတာပါ” ဟု ၎င်းကပြောသည်။

လက်ရှိဘိလပ်မြေစျေးကွက်တွင် အယ်ဖာတံဆိပ်ဘိလပ်မြေမှာလူသုံးများပြီး တစ်အိပ်လျှင် ၄၀,၀၀၀ ကျပ်ရှိကြောင်း၊ ကျန်ဘိလပ်မြေတံဆိပ်များမှာတစ်အိပ်လျှင် ၃၅,၀၀၀ ကျပ်အထိရှိပြီးလူသုံးနည်းကြောင်းသိရသည်။

သံစျေးကွက်မှာလည်းဆိုဒ်အလိုက်တစ်တန်လျှင် ယခင်ကကျပ်နှစ်သိန်းမှ သုံးသိန်းခန့်ရှိခဲ့သော်လည်း လက်ရှိတစ်တန်လျှင်ကျပ်သုံးသိန်းမှလေးသိန်းခန့်အထိရှိကြောင်းသိရသည်။

“ကျွန်တော်တို့ဆိုင်လေးတွေက ဆိုင်ကြီးတွေကနေတိုက်ရိုက်ယူရောင်းတာမဟုတ်ဘူး။ ကြားထဲမှာ တစ်ဆင့်ခံယူပြီးပြန်လည်ရောင်းချရတဲ့အတွက် ဘိလပ်မြေတစ်အိပ်ကိုအနိမ့်ဆုံး ၃၅,၀၀၀ ကနေ ၄၀,၀၀၀ ကျော်ထိရောင်းကြရတယ်။ ဒါတောင်လက်ရှိအခြေနေမှာလိုသလောက်မရဘူး” ဟု ဘိလပ်မြေလက်လီရောင်းချသူတစ်ဦးကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မတော်လောဘဖြင့်ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိစေရန် သက်ဆိုင်ရာအဖွဲ့များက မှန်မှန်ကန်ကန်ဖြင့်ကြပ်မတ်ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌက ဧပြီ ၅ ရက်တွင်ပြုလုပ်သည့်အစည်းအဝေး၌ပြောဆိုထားသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...