နောက်ဆက်တွဲမြေငလျင် (၅၁) ကြိမ်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်စုစုပေါင်း ၅၁ ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၁ ရက်) နံနက်ပိုင်းတွင်ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုအကြိမ်ရေများမှာ မတ် ၂၈ ရက်တွင် (၁၂) ကြိမ်၊ မတ် ၂၉ ရက်တွင် (၁၁) ကြိမ်၊ မတ်လ ၃၀ ရက်တွင် (၁၀) ကြိမ်၊ မတ်လ ၃၁ ရက်တွင် (၁၃) ကြိမ်နှင့် ယနေ့မွန်းလွဲပိုင်းအထိ ငါးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ဗဟိုပြုလှုပ်ခတ်ခဲ့သည့်ဒေသများမှာ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ သာစည်မြို့၊ မလှိုင်မြို့၊ နွားထိုးကြီးမြို့၊ စဉ့်ကိုင်မြို့၊ ပြင်ဦးလွင်မြို့၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ကျောက်ဆည်မြို့၊ ပုသိမ်ကြီးမြို့၊ နေပြည်တော် ကောင်စီနယ်မြေရှိ နေပြည်တော်၊ ဧလာမြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်း၊ ပုဗ္ဗသီရိမြို့၊ စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့၊ စစ်ကိုင်းမြို့၊ ကျောက်မြောင်းမြို့၊ ဝက်လက်မြို့၊ ပဲခူးတိုင်းရှိမြို့လှမြို့၊ တောင်ငူမြို့၊ ရေတာရှည်၊ သာဂရမြို့၊ ရန်ကုန်တိုင်းရှိ ထန်းတပင်မြို့၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ရွာငံမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မိုးဗြဲမြို့တို့ဖြစ်သည်။

“အခုငလျင်ကစစ်ကိုင်းပြတ်ရွေ့ပေါ့။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်လှုပ်တဲ့ငလျင်တွေကတော့ ဗဟိုချက်အနက်တိမ်ပါတယ်။ ဗဟိုချက်အနက်လည်းတိမ်တယ်။ အင်အားလည်းပြင်းတယ်ဆိုရင် လူအများအပြားသတိပြုခံစားရပြီး ပျက်စီးမှုအနည်းအများရှိတတ်ပါတယ်။ ဒါကြောင့် စစ်ကိုင်း၊ မန္တလေးအနီး ပတ်ဝန်းကျင်ကဒေသတွေနဲ့ စစ်ကိုင်းပြတ်ရွှေ့တလျှောက်ရှိတဲ့ ပြည်သူတွေအနေနဲ့ ငလျင်ဆိုတာ တိတိကျကျကြိုတင်ခန့်မှန်းမရတာကြောင့် သတိပြုနေထိုင်သင့်ပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နိုင်တာကြောင့် ပထမငလျင်မှာခံစားရတဲ့ဒေသတွေအနေနဲ့ ကိုယ်နေထိုင်တဲ့အဆောက်အဦရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးပြီး ကြံ့ခိုင်မှုအားနည်းတယ်ဆို တခြားကိုရွှေ့ပြောင်းနေထိုင် သင့်ပါတယ်။ ကိုယ်နေတဲ့နေရာအဆောက်အဦကိုလည်း တတ်ကျွမ်းနားလည်တဲ့ အင်ဂျင်နီယာတွေနဲ့ ပြသစစ်ဆေးရင်တော့ပိုကောင်းတာပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လူထိခိုက် သေဆုံးမှုများရှိခဲ့ပြီး နစက ကသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ကြေညာထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ