နောက်ဆက်တွဲမြေငလျင် (၅၆) ကြိမ်လှုပ်ခတ်ခဲ့ဟု မိုးဇလထုတ်ပြန်

အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် စုစုပေါင်း (၅၁) ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဧပြီ ၂ ရက်) နံနက်ပိုင်းတွင်ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုအကြိမ်ရေများမှာ မတ် ၂၈ ရက်တွင် (၁၂) ကြိမ်၊ မတ် ၂၉ ရက်တွင် (၁၁) ကြိမ်၊ မတ်လ ၃၀ ရက်တွင် (၁၀) ကြိမ်၊ မတ်လ ၃၁ ရက်တွင် (၁၃) ကြိမ်၊ ဧပြီ ၁ ရက်တွင် ခုနစ်ကြိမ်နှင့် ယနေ့(ဧပြီ ၂ ရက်) တွင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့(ဧပြီ ၁ ရက်) ညပိုင်းတွင် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် နောက်ဆက်တွဲငလျင် များလှုပ်ခတ်ခဲ့သည်။ ည ၉ နာရီ ၅၇ မိနစ်တွင် နေပြည်တော်မြို့၏ မြောက်ဘက် ၃၇ ကီလိုမီတာအကွာ အနက် ၃ ဒသမ ၂ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း၊ ညနေ ၆ နာရီတွင် မန္တလေးမြို့၏အနောက် မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၀ အဆင့်ရှိ မြေငလျင်တို့လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ငလျင်လှုပ်ခတ်မှုကြောင့် ယနေ့(ဧပြီလ ၂ ရက်) နံနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ဦး၊ ဒဏ်ရာရ ၄၆၃၉ ဦးနှင့်ပျောက်ဆုံးသူ ၃၇၃ ဦးရှိကြောင်းနစက ကထုတ်ပြန်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ