မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်

လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။
မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။

မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင်မုန်တိုင်းဖြစ် မဖြစ်ကို လာမယ့် ဧပြီ ၃ ရက် နေ့မှ အတိအကျသိနိုင်မှာဖြစ်ပေမယ့် အဲ့ဒီအချိန်မှ သတိပေးမှု ပြုလုပ်မယ်ဆိုရင် နောက်ကျသွားနိုင် တာကြောင့် ကြိုတင်သတိထားနိုင်ဖို့ သတိပေးနေရတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိအခြေအနေအရ မုန်တိုင်းဖြစ်လာနိုင်ချေဟာ ၄၀ ရာခိုင်နူန်းကနေ ၆၀ ရာခိုင်နူန်းကြားမှာရှိနေပြီး မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အနောက် ခြမ်းဒေသတွေကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။
သူများတွေငလျင်ကြောင့် ဒုက္ခရောက်နေကြတာကြည့်မခံစားနိုင်ဘူး၊အခုမုန်တိုင်းဆိုပြီးဒီဖက်(ဧရာ ဝတီ) ကိုဗဟိုဝင်မယ်ဘာညာပြောနေကြတော့စိတ်ပူတယ်၊ငါတို့ကအနိမ့်ပိုင်းမြစ်ကမ်းနားတွေလေလို့ မြောင်းမြဒေသခံတဦးကပြောပါတယ်။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ