Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့

မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့

Local News

မြန်မာငလျင်မှာ နိုင်ငံတကာအရေးပေါ် ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက လူပေါင်း ၆၅၃ ဦးကို အပျက်အစီးတွေအောက်က‌နေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့
မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့

ဒီလူရာချီကို ငလျင်စလှုပ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၈ ရက်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ထုတ်ပေးနိုင်ခဲ့တာလို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောလာတာပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့
မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့

တရုတ်နိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ဂုဏ်ပြုနှုတ်ဆက်တဲ့ အခမ်းအနားမှာ သူက အခု‌လိုပြောလိုက်တာဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ချိန်မှာ သေဆုံးသူ ၇၀၀ ရဲ့ရုပ်အလောင်း‌‌တွေကိုလည်း အပျက်အစီတွေ ကြားကနေ ထုတ်နိုင်ခဲ့တယ်လို့ သူက ‌ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးချိန်ကစလို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးတွေ ချက်ချင်း လုပ်ဆောင်ခဲ့ကြပေမဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်ချက်တွေရှိခဲ့ပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့
မြန်မာငလျင်မှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက လူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေနိုင်ခဲ့

“နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေမှာ သုံးကြတဲ့ စက်ပစ္စည်းတွေသာ ကျွန်တော်တို့မှာ ရှိခဲ့ရင် ဒီထက်ပိုပြီး လူတွေကို အသက်ရှင်လျက် ကယ်နိုင်မှာ။ အခုတောင် ကျွန်တော်တို့မှာ အုတ်တွေ၊ သံတွေကို ဖျက်ဖို့ကို ပစ္စည်းဝယ်ဖို့ အလှူငွေရှိတာတောင် ပစ္စည်းက ဝယ်မရဘူး”လို့ မန္တလေးမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ယောက်က ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ‌‌ေသေဆုံးသူ ၃,၆၀၀ ‌ကျော် ရှိပြီးပျောက်ဆုံးသူ ၁၅၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ငလျင်အလွန်ကူညီကယ်ဆယ်ရေး ပြုလုပ်နေတဲ့နေရာတွေရှိနေတုန်းဖြစ်လို့ သေဆုံးပျောက်ဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ မန္တလေးမှာ ကူညီရေးလုပ်နေသူတွေက ပြောထားပါတယ်။

ရေးသားသူ- BBC Burmese

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...