ဝမ်းတွင်းမြို့နယ်ထဲက နောက်ဆက်တွဲငလျင်ကြောင့်
မန္တလေးမှာ အဆောက်အဦတချို့ ပျက်စီး

ဧပြီ ၁၃ ရက်၊ မနက်ပိုင်းက မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ၅.၅ ရခ်စ်တာစကေး နဲ့ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်လှုပ်ကြောင့် မန္တလေးမှာ တိုက် ၁ လုံးပြိုကျပြီး နောက် ၁ လုံးက မြေကြီး ထဲ ကျွံဝင်သွားခဲ့တယ်လို့ သိရပါတယ်။
ပြိုကျခဲ့တဲ့တိုက်ဟာ မတ်လ ၂၈ ရက် ငလျင်ဒဏ်ခံထားရတဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈ လမ်း၊ ၈၇ နဲ့ ၈၈ လမ်းကြားက ၃ ထပ်ခွဲတိုက်တစ်လုံးဖြစ်ပါတယ်။
အဲဒီနောက် ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာလည်း ၂၆ လမ်း၊ ၇၆ နဲ့ ၇၇လမ်းကြားမှာရှိတဲ့ ၄ ထပ် ဆေးရုံသုံးပစ္စည်းဆိုင်ရဲ့ မြေညီထပ် ကျွံဝင်သွားခဲ့ပါတယ်။
“မြေကျွံတဲ့ ဆေးရုံသုံးပစ္စည်းဆိုင်ကိုတော့ မနက်ဖြန်လိုတဲ့ပစ္စည်းတွေ ယူထုတ်ပြီး ဖြိုဖို့ ရှိတယ်။ ငလျင်ပြီးတည်းက လူမရှိတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့ညကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲက တိုက်တစ်လုံးပြိုကျမှုဖြစ်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းတုန်းက ဝမ်းတွင်းမြို့နယ်ထဲကို ဗဟိုပြုခဲ့တဲ့ နောက်ဆက်တွဲငလျင်ပြင်းအားကို မန္တလေးနဲ့ စစ်ကိုင်းမြို့တွေက ဒေသခံတွေလည်း ခံစားခဲ့ရတာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။
တဖက်မှာလည်း ဒီငလျင်ကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦတချို့ အခုလို ပြိုကျ ကျွံဝင်မှုဖြစ်နေပေမဲ့ မန္တလေး မြို့ခံတွေအနေနဲ့ ငလျင်ကြောင့် ထိခိုက်ထားတဲ့ အဆောက်အဦတွေကို လူနေဖို့ သင့်မသင့် အရည်အသွေး စစ်ဆေးဖို့ အခက်အခဲတွေ ရှိနေကြသေးတယ်လို့ ဆိုကြပါတယ်။
ရေးသားသူ- BBC Burmese
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ