Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်တွင် အခြေချလိုသည့် ဒီဘရိုင်းကြောင့် အင်တာမိုင်ယာမီအတွက် အခွင့်ကောင်းဖြစ်လာ

အမေရိကန်တွင် အခြေချလိုသည့် ဒီဘရိုင်းကြောင့် အင်တာမိုင်ယာမီအတွက် အခွင့်ကောင်းဖြစ်လာ

International News Sports

မန်စီးတီး ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းသည် အီတီဟတ်မှ ထွက်ခွာပြီးနောက် အမေရိကန်တွင်အခြေချနေထိုင်ရန် ဆန္ဒရှိနေ၍ဒေးဗစ်ဘက်ဟမ်း ပိုင်ဆိုင်သော အင်တာမိုင်ယာမီအတွက် သတင်းကောင်း ဖြစ်လာခဲ့သည်။

ကီဗင်ဒီဘရိုင်းသည် ၎င်း၏စာချုပ်သက်တမ်း ကုန်ချိန်လာမည့် နွေရာသီ၌ မန်စီတီးမှထွက်ခွာတော့မည်ဖြစ်ကြောင်း မကြာသေးမီကပင် အတိအလင်း ထုတ်ဖော်ပြောဆိုထားခဲ့သူဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်တွင် အခြေချလိုသည့် ဒီဘရိုင်းကြောင့် အင်တာမိုင်ယာမီအတွက် အခွင့်ကောင်းဖြစ်လာ
အမေရိကန်တွင် အခြေချလိုသည့် ဒီဘရိုင်းကြောင့် အင်တာမိုင်ယာမီအတွက် အခွင့်ကောင်းဖြစ်လာ

ထို့ကြောင့် မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီနှင့် ဆော်ဒီပရိုလိဂ် ကလပ်အသင်းများမှာ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ရေး အပြိုင်အဆိုင်လုပ်ဆောင်လျက်ရှိသော်လည်း ကီဗင်ဒီဘရိုင်း၏ မိသားစုမှာအမေရိကန်တွင် အခြေချနေထိုင်ရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါသတင်းများအရ ဒီဘရိုင်းနှင့်၎င်း၏မိသားစုသည် မန်စီးတီးမှထွက်ခွာပြီးပါက အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင်အခြေချ နေထိုင်ရန် အလားအလာကောင်းများကို စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် အင်တာမိုင်ယာမီသည် ကီဗင်ဒီဘရိုင်းကို ခေါ်ယူနိုင်ရေးအတွက် တရားဝင်ချဉ်းကပ်မှုများ ပြုလုပ်လျက်ရှိပြီး ဆွေးနွေးမှုများမှာ မကြာမီအဆင့်မြင့်လာဖွယ်ရှိကြောင်း အခြားသတင်းအရင်းအမြစ်တစ်ခုက ထပ်မံဖော်ပြသွားခဲ့သည်။

ရေးသားသူ- CRD

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...