ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ နှင့် ဒဏ်ရာရသူ ၅၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံ၌အင်အားပြင်ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၃၆၀၀ ဦး၊ ဒဏ်ရာရ သူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦးရှိကြောင်း နစက ၏ ယမန်နေ့(ဧပြီ ၇ ရက်) ည ၁၀ နာရီဝန်းကျင် ထုတ်ပြန်ချက်အရသိရသည်။
ငလျင်လှုပ်ခတ်ပြီး ၁၂ ရက် ကြာသည်အထိ မန္တလေးနှင့်စစ်ကိုင်းတွင်ပြိုကျနေသည့်တိုက်များအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်းနှင့် သေဆုံးသူဦးရေမှာ မြင့်တက်လာနေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများက သတင်းမီဒီယာများကို ပြောဆိုထားသည်။

ထို့ပြင်ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုများမှာ ဘုရားစေတီပေါင်း ၄၈၁၇ ဆူပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့်ဘုန်းကြီးကျောင်းများအပါအဝင် အဆောက်အဦစုစုပေါင်း ၉၉၆၆ ခုပျက်စီးခဲ့ကြောင်း နစက က ထုတ်ပြန်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ