စာဖတ်သူပရိသတ် (၁) သန်းကျော်ရှိသော မိုးနတ်မင်း သတင်းဝက်ဆိုဒ်မှာ ကြော်ငြာလိုက်ပါ

အပြိုင်အဆိုင်များလာတဲ့ ယနေ့ခေတ်

လူကြီးမင်းတို့ သိကြတဲ့အတိုင်း ယနေ့ခေတ်မှာ လုပ်ငန်းများဟာ ပြိုင်ဆိုင်မှုပြင်းထန်ကြပြီး ပြည်သူလူထုကြားကို လူသိအောင်အပြိုင်အဆိုင် ထိုးဖောက်နေကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုများတဲ့ ၂၁ ရာစုမှာ သူများထက် အလှမ်း (၂၀) လောက် ကြိုလှမ်းထားမှ တော်ကာကျပါမယ်။

သိပ်ကိုအရေးကြီးလှတဲ့ Top-of-Mind

စိတ်ဝင်စားစရာ အချက်တခုပြောရရင် ၉၀ ရာခိုင်နှုန်းသော ဈေးဝယ်သူ Customer တွေဟာလည်း ရွေးချယ်စရာ ပစ္စည်း/ဝန်ဆောင်မှု များနေတဲ့အတွက် အားလုံးကိုမမှတ်မိနိုင် မစဉ်းစားနိုင်ဘဲ တကယ်ဈေးဝယ်တဲ့အခါ သူတို့များများတွေ့ဖူးတဲ့ ကြော်ငြာ Sample သုံးဖူးတဲ့ပစ္စည်းထဲက ပစ္စည်း/ဝန်ဆောင်မှုကိုပဲ ဦးစားပေးရွေးချယ်လေ့ရှိကြပါတယ်။ ဒီဖြစ်စဉ်ကို Top-of-Mind နဲ့ Buying Decision ချမှတ်ပြီး ဝယ်ယူတာလို့ ခေါ်ပါတယ်။

ဒီစာကိုဆက်မဖတ်ခင် လက်တွေ့မိတ်ဆွေ တစ်ခုခုဝယ်တဲ့အခါ ကြော်ငြာတွေ့ဖူးတာဝယ်မဝယ် ပြန်စဉ်းစားကြည့်ပါ။ သိပ်ကိုအံ့သြစရာကောင်းတာက မိတ်ဆွေကိုယ်တိုင်လည်း သတိမထားမိဘဲ မကြာခဏဆိုသလို Top-of-Mind နဲ့ Buying Decision ချပြီး ဝယ်ဖူးတာတွေ့မှာပါ။ စိတ်မကောင်းစရာ တချက်က ကုမ္ပဏီအများစုက Marketing သမားတွေဟာ Top-of-Mind နဲ့ Upper Funnel ကို သိပ်ဂရုမစိုက်ဘဲ Bottom Funnel နဲ့ ချက်ချင်း Sales တက်ဖို့ကိုပဲ အာရုံစိုက်နေကြလေ့ ရှိပါတယ်။

ဒါကြောင့် နှစ်အတော်ကြာ အောင်မြင်ပြီးသား လူသိများပြီးသား ကုမ္ပဏီတွေ ထုတ်ကုန်တွေတောင်မှ ပြိုင်ဘက်ထက် ဈေးကွက်ဝေစုပိုရအောင် နည်းအမျိုးမျိုး နေရာအမျိုးမျိုးမှာ 360 Brand Awareness & Advertising Campaign တွေ Sampling ပစ္စည်းဝေတဲ့ Campaign တွေ ငွေကုန်ခံပြီး လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း စားသုံးသူတွေ စိတ်ထဲ အမြဲစွဲလမ်း မှတ်မိနေစေပြီး ထပ်ကာထပ်ကာ ဝယ်ယူမှာဖြစ်ပါတယ်။ မိတ်ဆွေလည်းပဲ မိတ်ဆွေလုပ်ငန်းရဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေ လူတွေဝယ်ဖို့ သူတို့ကို ကြော်ငြာအကြိမ်များများ ပြဖို့လိုတယ်ဆိုတာ မိတ်ဆွေစဉ်းစားမိမှာပေါ့။

ကျွန်တော်တို့ မိုးနတ်မင်းကလည်း မိတ်ဆွေလုပ်ငန်းကို လူများများသိအောင်၊ ကြော်ငြာလူများများမြင်အောင် တထောင့်တနေရာကနေ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ဘယ်လိုဝန်ဆောင်မှုပေးမှာလဲ?

  • မိုးနတ်မင်း သတင်းဝက်ဆိုဒ်မှာ လစဉ်စာဖတ်သူပရိသတ် (၁) သိန်း မှ (၃) သိန်းအထိ ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း စာဖတ်သူ၊ သတင်းနားထောင်သူ အရေအတွက် (၁) သန်းကျော်ရှိပါတယ်။ ဆက်လက်ပြီး စာဖတ်သူ၊ သတင်းနားထောင်သူတွေ တိုးပွားအောင် Telegram, Youtube, Tiktok တွေမှာပါ တိုးချဲ့လျက်ရှိပါတယ်။ အဲဒီလူတွေ သတင်းဖတ်တဲ့အချိန်တိုင်း မိတ်ဆွေရဲ့ လုပ်ငန်းကြော်ငြာ မြင်ရအောင် ထည့်ပေးမှာဖြစ်ပါတယ်။

ကြော်ငြာအမျိုးအစား ဘယ်နှမျိုးထည့်လို့ရလဲ?

  • Placement – မိုးနတ်မင်း ဝက်ဆိုဒ်မှာ ကြော်ငြာထည့်ဖို့ အခြေခံအားဖြင့် Top Banner, Mid Banner, Bottom Banner Ads နဲ့ Post Ads ဆိုပြီး Placement (၄) မျိုးကို ရွေးချယ်နိုင်ပါတယ်။ အသေးစိတ်ကို အောက်မှာရှင်းပြထားပါတယ်။
  • Media Format – ပုံမှန် ကြော်ငြာဓာတ်ပုံ (JPG) အမျိုးအစားနဲ့၊ လှုပ်ရှားမှု Animation ပါတဲ့ (GIF) အမျိုးအစား (၂) မျိုးစလုံး အသုံးပြုနိုင်ပါတယ်။ Design အတွက် စိတ်မပူပါနဲ့။ ကြော်ငြာအပ်တာနဲ့ လိုအပ်တာအကုန်လုံး မိုးနတ်မင်းက Design ပါ ဆွဲပေးမှာပါ။
JPG format
GIF format

ဘာလို့ မိုးနတ်မင်းမှာ ကြော်ငြာသင့်တာလဲ?

  • လူ (၁) သန်းကျော်သို့ ပျံ့နှံ့နိုင်ခြင်း – မိုးနတ်မင်း ဝက်ဆိုဒ်မှာ စာဖတ်ပရိသတ် (၁) သန်းကျော်ရှိပြီး သတင်းထူးသတင်းဦး၊ အနုပညာသတင်း၊ ဗေဒင်၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးကို နေ့စဉ်နဲ့အမျှတင်ဆက်နေပါတယ်။ ဆက်လက်ပြီး စာဖတ်သူ၊ သတင်းနားထောင်သူတွေ တိုးပွားအောင် Telegram, Youtube, Tiktok တွေမှာပါ တိုးချဲ့လျက်ရှိပါတယ်။ လူကြီးမင်းတို့လုပ်ငန်းကြော်ငြာက ခေတ်နဲ့အညီပြောင်းလဲနေတဲ့ trend အမျိုးမျိုးကြားမှာ ပျံ့နှံ့နေမှာပဲ ဖြစ်ပါတယ်။
  • Link Integration (လင့်ခ်တိုက်ရိုက်ချိတ်ဆက်ပေးခြင်း) – လူကြီးမင်းတို့ရဲ့ ကြော်ငြာကို click နှိပ်လိုက်တာနဲ့ လူကြီးမင်းတို့ရဲ့ Website ဆီကိုပို့ချင်လား၊ Facebook, Viber, Telegram  စသည်ကို သွားစေချင်လား၊ ဒါမှမဟုတ် ဖုန်းတိုက်ရိုက်ခေါ်စေချင်လား အမျိုးမျိုးသော Link ကို ချိတ်ပေးနိုင်ပါတယ်။ ကိုယ်က Option တမျိုးထက်ပိုပြီးရွေးဖို့ ပေးချင်တယ်ဆိုရင်လည်း Landing Page အနေနဲ့ပါ ထပ်လုပ်ပြီး ချိတ်ပေးလို့ရပါတယ်။ အဲဒီအတွက် မိုးနတ်မင်းက Developer တွေက Free လုပ်ပေးမှာပါ။

  • Data Analysis ပြန်လုပ်နိုင်ခြင်း – လူကြီးမင်းတို့ရဲ့ကြော်ငြာကို Shortern Link လုပ်ပြီး Click count တွေပြန်ကြည့်တာ၊ View, Impression, Conversion တွက်ချက်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မိုးနတ်မင်းကနေ လိုအပ်တဲ့ report တွေပို့ပေးမှာ ဖြစ်ပါတယ်။

bitly analysis example

  • Multiple Platform များသို့ ပျံ့နှံ့စေခြင်း – မိုးနတ်မင်းက အထက်မှာပြောထားတဲ့အတိုင်း  Website အပြင် Facebook, Telegram, Youtube, Tiktok တွေမှာပါ အစဉ်အမြဲ တိုးချဲ့လျက်ရှိပါတယ်။ အဲဒါကြောင့် လူကြီးမင်းထည့်ထားတဲ့ ကြော်ငြာဟာ Platform မျိုးစုံမှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်။
  • ရာသက်ပန်အတွက် (Lifetime Ads) ရှိခြင်း – မိုးနတ်မင်းမှာပါတဲ့ Post Ads အမျိုးအစားဆိုရင် လစဉ်ကြေးမပေးတော့ရင် ပျောက်သွားမှာမဟုတ်ဘဲ Lifetime Ads အနေနဲ့ရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေတကြိမ်ကြော်ငြာထည့်ထားရုံနဲ့ အဲဒီသတင်းကိုဘယ်အချိန် လာဖတ်ဖတ် ကြော်ငြာပြဖို့ အဆင်သင့်ရှိနေပါမယ်။ သတင်းတိုင်းကတော့ အမြဲထပ်ကာထပ်ကာ မဖတ်ဘူးပေါ့။ သို့သော် ကျွန်တော်တို့အတွေ့အကြုံအရ ကျန်းမာရေးတို့ ၊ ဗဟုသုတတို့၊ ဗေဒင်တို့ကတော့ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်က သတင်းလည်း အမြဲတမ်းပြန်ပြန်ဖတ်လေ့ရှိပါတယ်။ အဲဒါကြောင့် မိတ်ဆွေအတွက် တကယ်တန်တဲ့ Investment ဖြစ်ပါတယ်။
  • test

ကြော်ငြာခနှုန်းထား ဘယ်လောက်လဲ?

  • ကြော်ငြာခနှုန်းကတော့ လစဉ် (၅) သောင်းကျပ် ကနေစတင်ပြီး အစားစားရှိပါတယ်။ အောက်က Contact Form လေးဖြည့်ခဲ့ပေးပါ။ မိုးနတ်မင်း Sales Team က အသေးစိတ်ရှင်းပြပေးပါမယ်။

ကဲ.. မိတ်ဆွေ သိပ်စဉ်းစားမနေပါနဲ့။ ကိုယ့်လုပ်ငန်းပြိုင်ဘက်တွေထက် ခြေတလှမ်းသာဖို့ဆိုရင် အောက်က Form လေးကို အခုပဲဖြည့်လိုက်ပါ။