ရနောင်းနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ထိုင်းအစိုးရက စည်းကမ်းတင်းကျပ်

International News Local News

အောက်တိုဘာ ၃ရက်နေ့မှ စတင်ကာ ကုန်စည်များ သယ်ဆောင်လာသော စက်လှေများ၊ ငါးဖမ်း စက်လှေများမှ လိုက်ပါလာသော အလုပ်သမားများကို ကမ်းပေါ်သို့တတ်ခွင့် မပြုကြောင်း ရနောင်းခရိုင်အစိုးရအဖွဲ့မှ စာထုတ်ထားသည်။ မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံ နယ်စပ်မြို့ ရနောင်းသို့ သွားရောက်ရောင်းချရာတွင် ကုန်စည်များသာ လက်ခံပြီး လူအများကို ကမ်းပေါ်သို့တက်ရောက်ခွင့် မပြု ခြင်းဖြစ်သည်။

တစ်ရက်လျှင် ဒေါ်လာတစ်သန်းခန့် အပြန်အလှန်ကုန်သွယ်နေသော ကော့သောင်း – ရနောင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာ၊ ထိုင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ၈ ခုဖွင့်လှစ်ထားသည်။ မြ၀တီ- မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်သွယ်မှု အများဆုံး လုပ်ဆောင်နေပြီး ယခု ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၁.၁ ဘီလျံကျော် ကုန်သွယ်နိုင်ခဲ့သည်။

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် ဒေါ်လာသန်း ၃၆၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ ရေထွက်ကုန်များကို အဓိကရောင်းချသော လမ်းကြောင်းတစ်ခုလဲ ဖြစ်သည်။ မြန်မာနိုင်ငံမှ တစ်ရက် ရေထွက်ကုန် ရောင်းချမှုသည် ပုံမှန်အချိန်တွင် ဒေါ်လာ ၅၀၀,၀၀၀ မှ ဒေါ်လာ ၁၀၀၀,၀၀၀ ကြားရှိပီး ယခုအချိန်တွင်လည်း ပုံမှန်တင်ပို့မှု၏ တစ်ဝက်ခန့်ကို ရောင်းချနေကြောင်း ကော့သောင်းနယ်စပ်မှ ရေထွက်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသညိ။

မြန်မာနိုင်ငံတွင် COVID- 19 ကပ်ရောဂါ ကူးစက်မှုမြင့်တက် နေချိန်တွင် ထိုင်းအစိုးရသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များကို ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်လာသည်။ ပြီးခဲ့သည့် စက်တင်ဘာအတွင်းက တာချီ လိတ်၊ မယ်ဆိုင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းတွင် ထိုင်း ဒေသခံအစိုးရ အာဏာပိုင်များ၏ ကန့်သတ်တားမြစ်မှုများကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများ အခက်အခဲကြုံခဲ့ရ သည်။

Leave a Reply