ကမ္ဘာ့ရေနံစိမ်းစျေးကွက်အကြောင်း တစေ့တစောင်း

Knowledge

စက်တင်ဘာလထဲမှာ တရုတ်နိုင်ငံရဲ့ ရေနံစိမ်းစည် တင်သွင်းမှုဟာ ၁.၁၈ သန်းအထိ မြင့်တတ်လာခဲ့ပြီး အောက်တိုဘာ လထက် ၂.၁% ပိုမို များပြားလာခဲ့ပါတယ်။ အခုလို ကိုဗစ်ကာလ အတွင်းမှာ တရုတ်နိုင်ငံရဲ့ ရေနံဝယ်လိုအား မြင့်တတ်လာမှုဟာ ကမ္ဘာ့ရေနဲံစိမ်းစျေးကွက်အတွက် အနည်းငယ် သက်သာရာရခဲ့ပြီး စျေးကွက်အတွင်းမှာ ရေနံစိမ်းအပေါ် အကောင်းမြင်မှုတွေ များပြားလာခဲ့ပါတယ်။ WTI ရေနံစိမ်းစည် တစ်စည်လျှင် $39 မှ $ 40.4 သို့မြင့်တတ်လာခဲ့ ပါတယ်။

သို့သော်လည်း ရေနံတင်ပို့မှု ပမာဏဟာလဲ မြင့်တက်လာဖွယ်ရာရှိပြိး  လစ်ဗျားနိုင်ငံရဲ့ နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ အကြီးဆုံး ရေနံတွင်းကို ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း ကြေငြာလာပါတယ်။ ထိုရေနံတွင်းသာ ပြန်လည် လည်ပတ်လာနိုင်မယ်ဆိုရင် လစ်ဗျား နိုင်ငံရဲ့ ရေနံထုတ်လုပ် တင်ပို့မှုဟာ ၂ ဆ ခန့်မြင့်တတ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နော်ဝေနိုင်ငံရဲ့ အလုပ်သမား ဆန္ဒပြ မှုများဟာ လည်း သဘောတူညီချက်ရရှိခဲ့ပြီးပြီ ဖြစ်တာကြောင့် ၁၀ ရက်ကြာ ရပ်နားထားရတဲ့ နော်ဝေ ရေနံလုပ်ကွက်များဟာလည်း ပြန်လည်စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့အတွင်း မုန်တိုင်းကြောင့် ရပ်နားထားရတဲ့ ကမ်းလွန်ရေနံလုပ်ကွက်တွေဟာလည်း ပြန်လည် လည်ပတ်နေပြီဖြစ်တာကြောင့် ရေနံစိမ်းတင်ပို့မှုဟာ ပိုမို မြင့်မားလာဖွယ်ရာရှိပြီး ကမ္ဘာ့ရေနံစိမ်း စျေးကွက်ကို ဆက်လက်ဖိအားပေးနေဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံစိမ်းစျေးကွက်အနေနဲ့ကတော့ တစ်စည်ကို  $41.5 နဲ့ $36 ဝန်းကျင်၌ တည်တန့်နေဦးမှာ ဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။ 

ပရိသတ်ကြီးတို့ထဲမှာရော ရေနံစိမ်း စျေးကွက်ကို ရင်းနှီးမြှုတ်နှံနေတဲ့သူတွေ ရှိပါသလား။ ကွန်းမန့် မှာ ဝင်ရောက်ဆွေးနွေးလို့ ရပါတယ်နော်။

Leave a Reply