Project K အဖွဲ့ကို ဆန္ဒပြသည့် ဦးပညာဝံသအပါအဝင် အနည်းဆုံးငါးဦးကို အမှုဖွင့်

Celebrity

Project K အဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆန္ဒပြ စုဝေးမှု ပြုလုပ်သည့် မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂမှ သံဃာတော် ဦးပညယဝံသ အပါအဝင် အနည်းဆုံး ၅ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း တွင်အမှုဖွင့်ထားသည် ဟု သိရှိရသည်။

သံဃာတော်များအပါအဝင် အမျိုးသားရေး လှုတ်ရှားသူ အင်အား၁၀၀ ခန့်က အောက်တိုဘာ ၁၃ ရက်နေ့ညတွေင် လေဆိပ်၌ စုဝေးပြီး Asia Song Festival 2020 ဖျော်ဖြေပွဲတွင် ရွှေတိဂုံစေတီတော်ပုံကို စင်မြင့်အောက်တွင် ပုံရီပ်ယောင်ဖြင့် ဖော်ပြခဲ့သည့် project K အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြကြသူများသည် project K အလိုမရှိ ဗုဒ္ဓဘာသာ ကိုစော်ကားသည့် project K အဖွဲ့ မြန်မာပြည်မှ အမြန်ထွက်သွား စသည့်ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကျော်ခဲ့ကြခြင်းဖြစ်သည်။

project K အဖွဲ့ကမူ အောက်ခံ၌ ရွှေတိဂုံစေတီတော်ကို LED ဖြင့်ပြသနေကြောင်းကို ကနေသည့်အချိန်တွင် မသိခဲ့ကြောင်း ပွဲပြီးမှ ဗီဒီယိုကို ပြန်လည် ကြည့်ရှချိန်ရောက်မှသာ သိရှိခဲ့ကြောင်း ပြန်လည်တောင်းပန်ထားသည်။

ထို့အပြင် project K အဖွဲ့က “‘ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံ ကြည်သော ဗုဒ္ဓဘာသာအပေါ် တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်သည့် သာသနိကအ ဆောက်အအုံ ဘုရားကျောင်းကန် ေ စတီပုထိုးများအပေါ်တွင်လည်း ကောင်း အစဉ်ထာဝရ ဂါရဝ ထားလျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ကြပါ သည်။ မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့်  အမျိုးဘာသာ သာသနာအပေါ် တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ ခြင်းမဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့ သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်” ဟုထပ်မံတောင်းပန်စကားကို ပြောကြားခဲ့သည်။

မင်္ဂလာဒုံရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူး ဇော်မိုးက ယင်းဆန္ဒပြမှု အတွက် တာဝန်ရှိသူများကို တရားလိုပြုလုပ်ကာ တိုင်ကြားခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးင ပြောကြားခဲ့သည်။

Leave a Reply