သီချင်းတောင်းတောင်း သီချင်းဟောင်း ကဏ္ဍ

Celebrity

ကဲ ချစ်ပရိတ်သတ်ကြီးရေ အပတ်စဉ်တင်ဆက်ပေးနေကြ “သီချင်းကောင်းကောင်း သီချင်းတောင်း ကဏ္ဍ” လေးပြန် လည်ရောက်ရှိလာပါပြီနော်။ ဒီတစ်ခေါက်တော့ ထူးထူးခြားခြားလေးဖြစ်သွားအောင်  သူများတွေတောင်းဆိုလာတဲ့ သီချင်းတွေကို ဖွင့်မပြတော့ပဲ အယ်ဒီတာ ရွေးချယ်ထားတဲ့ သီချင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီညလေးအတွက် ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ “ကတ္တီပါတော်လှန်ရေး ည”  လို့နာမည်ပေးထားပါတယ်။ ဟုတ်ပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင်တွေကို တိုက်ခိုက်ဖို့အတွက် လူထုက ကိုင်စွဲခဲ့တဲ့ လူထုရဲ့နှလုံးသားထဲက ထွက်ပေါ်လာတဲ့  အနုပညာ လက်နတ်တွေကို အရသာခံကြည့်မှဖြစ်ပါတယ်။

အခုပထမဦးဆုံးတစ်ပုဒ်အနေနဲ့ ဖော်ပြပေးချင်တဲ့ သီချင်းလေး “ကမ္ဘာမကျေဘူး” ဆိုတဲ့ သီချင်လေးဖြစ်ပါတယ်။ ကြက်သီးတွေ တဖြန်းဖြန်းထရလောက်အောင် မာန်ပါလှတဲ့ ဒီသီချင်းဟာ အရေးအခင်းကာလမှာ ကိုထူးအိမ်သင်နဲ့  ဆရာနိုင်မြန်မာ တို့ အတူတူပူးပေါင်း ရေးသားခဲ့တယ် လို့သိရပါတယ်။ဒီသီချင်းဟာ မူလသီချင်း Dust in the wind ဆိုတဲ့ အင်္ဂလိပ်သီချင်းလေးပါ။ ကျွန်တော်တို့ ဒီအစီအစဉ်လေးမှာတော့ original သီချင်းဖြစ်တဲ့ Dust in the wind ကိုပဲ တင်ဆက်ပေးလိုက်ပါတယ်။

နောက်ထပ် သီချင်းတစ်ပုဒ်အနေနဲ့ ထူးအိမ်သင်ရဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာဆိုတဲ့ သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အကုန်လုံးအံ့ဩသွားကြလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီသီချင်းဟာ လဲ နိုင်ငံရေး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အရေးအခင်းအပြီး ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာ ဘယ်တော့မှ ကျောင်းကိုပြန်မလာနိုင်တော့တဲ့ ကျောင်းသူလေးတစ်ယောာက်အကြောင်း ဖြစ်ပါတယ်။ မတရားမှုတွေကနေ ကင်းလွှတ်ပါစေ မြန်မာပြည်ရေ လို့ဆုတောင်းရင်းနဲ့ပဲ ဂျက်ဆင်ထိပ်က လရိပ်ပြာ ဆိုတဲ့ သီချင်းလေးကို ဖွင့်ပြလိုက်ပါတယ်နော်

အခု တတိယ တစ်ပုဒ်အေနေနဲ့တော့ အကုန်လုံး စိတ်ဝင်စားသွားအောင် ရပ်သီချင်း တစ်ပုဒ်ကို ဖွင့်ပြချင်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ ရပ်ပါတော်လှန်ရေးသမားတွေ အများကြီးပေါ်ခဲ့ပါတယ်။ အခု ကိုလန်ဘားရဲ့ ၂၀၁၆ ဆိုတဲ့ သီချင်းလေးကို ရွေးချယ်ပေးချင်ပါတယ်။ ဒီထဲက စာသားတွေကို ခင်ဗျားတို့ မကြွေပဲမနေနိုင်ဘူးလို့ ကျွန်တော် အာမခံပါတယ်။ ကျွန်တော်တို့ ရပ်သံစဉ်လေးနဲ့ လူငယ်တွေရဲ့ လွတ်လပ်မှုအကြောင်းကို နိုင်ငံရေးအမြင်ကို နားထောင်ကြည့်ကြရအောင်။

အခု နောက်ဆုံးသီချင်း အနေနဲ့ big bag အဖွဲ့က ကျားပေါက်ရဲ့ ပူပူနွေးနွေးထွက်ထားတဲ့ ဗျောက်တွေနဲ့ ဆိုတဲ့ သီချင်းလေးကို ခင်ဗျားတို့ အတွက် ဖွင့်ပြပေးချင်ပါတယ်။ ဆရာကျားကတော့ ဆရာကျားပါပဲ။ သူ့ရဲ့ creataion တွေကို ကျွန်တော် ကတော့ မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ အားလုံးလဲ ကျွန်တော်နဲ့ အကြိုက်တူကြမယ်လို့ မျှော်လင့်ပါတယ်နော်

Leave a Reply