စမ်းချောင်းမြို့နယ်၌ ဆရာဝန်တစ်ဦးအား သတ်သွားသည့်တရားခံဖော်ထုတ် ဖမ်းဆီးရမိ ။လူမှုရေး အရှုတ်အထွေးများကြောင့် ကျူးလွန်ခဲ့သည်ဟု ဝန်ခံ

Local News

လွန်ခဲ့တဲ့ သုံးရက်လောက်က ဆရာဝန်တစ်ဦးကို လူမြင်ကွင်းမှာ ဓားနဲ့ထိုးပြီး သတ်ဖြတ်သွားခဲ့တဲ့ လူကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲဇာနည် page တွင် ယခုလို တင်ထားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ် စမ်း/မြောက် ရပ်ကွက်နေ ဒေါက်တာ စောခိုင်(၄၅)နှစ်သည် ၎င်းဆေးခန်းထိုင်သည့် “မြတ်တော်ဝင်” ဆေးခန်းသို့ သွားရန် နေအိမ်တိုက်ခန်းရှေ့ လမ်းဘေး၌ရပ်ထားသော မော်တော်ယာဉ်ဘေးတွင် တံခါးဖွင့်နေစဉ် Mask/Hair Net Cap(ဆံပင်စွပ်) ဝတ်ဆင်ထားပြီး အမျိုးသမီးကဲ့သို့ အသွင်ယူဝတ်ဆင်ထားသူ ၁ ဦးမှ ဓားဖြင့်ထိုးကာ ပစ္စည်းများထည့်ထားသည့် လက်ဆွဲအိတ်ငယ်အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း၊ ဒေါက်တာ စောခိုင်တွင် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ လက်မောင်း ထိုးသွင်း/ပြတ်ရှဒဏ်ရာ အများအပြားရရှိပြီး နေရာတွင်လဲကျ သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံ ဖမ်းဆီး ရမိရေး CCTV မှတ်တမ်းများ ကြည့်ရူစစ်ဆေး၍ တရားခံပုံပန်းသဏ္ဍာန်ဖော်ထုတ်ခြင်း၊ တရားခံ ထွက်ပြေးစဉ် ငှားရမ်းစီးနင်းသွားသည့် အငှားယာဉ်အား ခြေရာခံဖော်ထုတ်စုံစမ်းခြင်းနှင့် အခင်းဖြစ်ပွားသည့် နေရာအနီးရှိ မျက်မြင်သက်သေများအား စစ်မေးခြင်းများဆောင်ရွက်ခဲ့ရာ တရားခံမှာ ပြစ်မှုကျူးလွန်ပြီး အခင်းဖြစ်နေရာမှ ဗားကရာလမ်းထောင့်- ပြည်လမ်း-မော်တင်တံတားအထိ အငှားယာဉ် 7J/—– Probox ယာဉ်အားလည်းကောင်း၊ ၎င်းမှတစ်ဆင့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းဆုံသို့ အငှားယာဉ် CC/—– VAN ယာဉ်အားလည်းကောင်း ငှားရမ်းကာ လမ်းကြောင်းများ အဆင့်ဆင့်ပြောင်းလဲ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း တွေ့ရှိရပြီး အဆင့်ဆင့်စုံစမ်းဖော်ထုတ်ချက် အရ ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် မုဒိတာအိမ်ရာ(၁) တိုက်(ဘီ) အခန်း(—)၌ နေထိုင်သည့် တိုးဝေဝင်း(ခ)နေသူရိန်(ခ)မြသိန်း(၃၈)နှစ် (ဖ)ဦးခင်မောင်ဝင်းအား နေအိမ်၌တွေ့ရှိ ဖမ်းဆီးရမိပြီး အခင်းဖြစ်ပွားစဉ် ယူဆောင်သွားသော လက်ဆွဲအိတ်၊ သက်သေခံ ဓား၊ အမျိုးသမီးဝတ်စုံ တို့အား တရားခံနေအိမ်မှ သိမ်းဆည်း ရမိ၍ စစ်ဆေးချက်အရ တရားခံသည် သေဆုံးသူ မိသားစုနှင့် အိမ်ထောင်ရေး/ လူမှုရေးအရှုပ်အထွေးများကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပြီး ဥပဒေနှင့်အညီအမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။

မိုးနတ်မင်း ပရိတ်သတ်ကြီးအအနေနဲ့လဲ တရားခံဖမ်းမိအောင် ကြိုးစားနိုင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးကြလိမ့်မယ်လို့ထင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို ထပ်မံဖော်ပြပေးသွားဦးမှာမလို့ မိုးနတ်မင်း page ကို like and follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Leave a Reply