နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အိမ်တွင်နေကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ပန်ကြား

Local News

ကိုဗစ်ရောဂါပိုး ထိန်းချုပ်နိုင်ရန်အတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိပြည်သူများ နေအိမ်၌ နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ပန်ကြားခဲ့ပြီး ယင်းမှာ Loack down မဟုတ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟို အဆင့်အစည်းအဝေးမှ သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟို အဆင့်အစည်းအဝေး၌ ဆွေးနွေးချက်အရ နိုဝင်ဘာလ ၂၁ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကာလအတွင်းပြည်သူများ နေအိမ်တွင်နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလ အတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုကလဲ ပြန်မြင့်တတ်လာတယ်။ ပြန်ထိန်းချုပ်ဖို့ကလည်း လိုလာပြီ။ ၂ ရက်မှာ ပိုးတွေ့တာက ၁၆၀၀ နီးပါးဖြစ်လာပြီ။ လူစုလူဝေး စုရုံးခြင်းရဲ့ နောက်ဆက်တွဲက ၁ ပတ် ၁၀ ရက်ဆိုဖြစ်လာနိုင်ပြီ။ ဒီကဘယ်လောက်များလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ။ ရောဂါဖြစ်တဲ့လူတွေထဲမှာ ရောဂါလက္ခဏာမပြတာက ၆၀% ၄၀% ကပဲ ရောဂါလက္ခဏာပြတာဖြစ်လို့ ရောဂါမဖြစ်ဖူးထင်ပီးတော့ ပြည်သူလူထုထဲ လျှောက်သွားနေမှာစိုးလို့ သူတို့ကတစ်ဆင့် ကူးစက်လာနိုင်တယ်။ နောက်ပြီး ခရစ္စမတ်ရုံးပိတ်ရက် တွေလုပ်လာရင် ကူးစက်မှု ပိုမိုဆိုးဝါးလာမှစိုးလို့ နိုဝင်ဘာ ၂၁ရက်ကနေ ၅ ရက်နေ့အထိ stay home နေဖို့ အစီအစဉ်ချတာဖြစ်ပါတယ်။ Lock Down ချတာမဟုတ်ပါဘူး။ လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေးတွင် stay at home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခံရသော စားသောက်ဆိုင်နှင့် လက်ဖည့်ရည်ဆိုင်များအား ယခုနှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ ဘုရားစေတီများအား စည်းကမ်းချက်နှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး၊ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများကို ပြန်လည်ဝန်ဆောင်မှုပြုနိုင်ရေး၊ stay at home သတ်မှတ်ထားသော မြို့နယ်များအား ကိုဗစ်ဖြစ်ပွားမှုအပေါ်မူတည်၍ ဖြေလျှော့ခွင့်ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များအား ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး ဆွေးနွေးထားရှိသည်။

ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟို အစည်းအဝေးအား ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တတ်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply