ရရှားတို့ရဲ့ အဆင့်မြင့် ကိုယ်ပျောက်ဗုံးကျဲလေယာဉ်

Local News

ရုရှားနိုင်ငံသည် PAK-DA ဟု အမည်ဝှက်ပေးထားသော ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ထုတ်လုပ်ရေးစီမံချက်အား ၂၀၁၆ ဧပြီ မှအရှိန်ဟုန်မြှင့် ကြိုးပမ်းစောင်ရွက်လျက် ရှိသည်ဟု သိရပါသည်။PAK-DA သည် အမေရိကန် လေတပ်တွင် အသုံးပြုလျက်ရှိသည့် Grumman B-2 Spirit နှင့် စွမ်းပကားတူညီမည်ဖြစ်ကြောင်း သိရှိရပါသည်။အသံ၏ အမြန်နှုန်းနီးပါးပျံသန်းနိုင်သည့် ခရီးဝေးထိုးဖောက်ဗုံးကြဲနိုင်စွမ်းရှိမည့် PAK-DA သည်သမားရိုးကျ နျူးကလီးယား ဗုံးနှင့် ပဲ့ထိန်းဒုံးများအပြင်

အသံ၏ ၅ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် ခရုဇ်ဒုံးပျံများကိုလည်း တပ်ဆင်ထားနိုင်မည်ဖြစ်သည်။ ခရီးအကွာအဝေး မိုင် ၆၇၄၀ ကို လက်နက်အလေးချိန် တန် ၃၀ တင်ဆောင်ပြီး ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်PAK-DA လေယာဉ်ဒီဇိုင်းသည်ရုရှားအင်ဂျင်နီယာများတစ်ကြိမ်တစ်ခါမှပုံစံထုတ်လုပ်ခဲ့ခြင်းမရှိသည့်ဒီဇိုင်းပုံစံ ဖြစ်မည်ဟု မျှော်လင့်ထားပြီး ရေဒါဖြင့်ဖမ်းယူနိုင်မှု အနည်းဆုံးဖြစ်မည်ဟု ရုရှားနိုင်ငံ၏ ပထမဆုံးသော ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်လာမည်ဟု သိရှိရပါသည်။

ရုရှားနိုင်ငံတွင် ယခုအသုံးပြုလျက်ရှိသောဗုံးကြဲလေယာဉ် များဖြစ်သည့် Tu-160 Tu-95M နှင့်Tu-22M3 နေရာတွင်အစားထိုးရန်ရည်ရွယ်ထားပါသည်။ ၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် ရုရှားနိုင်ငံ၏ PAK-DAထုတ်လုပ်ရေးစီမံကိန်းသည်၂၀၂၁ ခုနှစ်တွင် လေယာဉ်အား လေထဲသို့ပထမအကြိမ်စမ်းသပ်ပျံသန်းနိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်တွင် ပထမဆုံးလေယာဉ်အားရုရှားလေတပ်သို့လွှဲပြောင်းပေးနိုင်ရန်ရည်မှန်းထားကြောင်းသိရှိရပါသည်။

Leave a Reply