Rider တွေအပေါ် မတရားအမြတ်ကြီးစား ဖိနှိပ်နေတဲ့ FoodPanda

Local News

Rider တွေအပေါ် မတရားအမြတ်ကြီးစား ဖိနှိပ်နေတဲ့ FoodPanda
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Rider တွေအပေါ် မတရားအမြတ်ကြီးစား ဖိနှိပ်နေတဲ့ FoodPandaဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီကနေ့မနက်ပိုင်းလောက်ကစပြီး Food Panda ကုမ္ပဏီကRiderတွေကိုအကြောင်းမကြားဘဲ Rider ကြေးတွေအဆမတန်လျော့ချဖြတ်တောက်လိုက်တဲ့အပေါ်ရန်ကုန်က riderတွေက အလုပ်မဆင်းဘဲ ကန်ရိပ်သာလမ်းပေါ်မှာရှိတဲ့ရုံးချုပ်ရှေ့မှာစုရုံးဆန္ဒပြဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။
“rider တွေအပေါ်မအလဆန်ဆန်လုပ်နေပါတယ် ခါတိုင်းက မော်တင်ကနေ ဆူးလေကို တစ်ထောင်ကျော်ရပါတယ် ယခုအချိန်မှာ ၅၀၀ကျော် ၆၀၀ကျော်လေးတွေသာရပါတော့တယ် ရုံးဘက်ကိုပြောတဲ့အခါမှာဆိုရင် တစ်ဌာနနဲ့တစ်ဌာလွှဲလွှဲချတာမျိုးလုပ်ပါတယ် စကားပြောအဆင်မပြေဖြစ်လာတဲ့အခါမျိုးမှာဆိုရင်တိုင်ချင်တဲ့နေရာတိုင် လို့ပြောလာပါတယ် အခုလိုချိန်မျိုးမှာကျွန်တော်တို့ rider တွေကဘယ်သူ့ကိုသွားပြီးတိုင်ရမှာလဲ”လို့လက်ရှိလုပ်ကိုင်နေတဲ့ Rider တဦးကပြောပါတယ်။


ဒါ့အပြင် Food Panda ရုံးဖက်မှ ယခုလိုအာဏာသိမ်းကာလကိုအခွင့်ကောင်းယူ၍ customer ဘက်မှပို့ဆောင်ခ free ဟုပြောဆိုကာ ပို့ဆောင်ခတွေယူပြီး system error ဖြစ်လို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ customer တွေဆီကနေလဲ ပိုက်ဆံတွေ တောင်းယူတာတွေရှိနေတဲ့အပြင် rider တွေဆီကလဲ ၁၀၀၀ တန်ပေးရမဲ့နေရာတွေကို ၈၀၀ ၇၀၀ကျော်သာပေးနေတယ်လို့Riderတွေရဲ့ပြောကြားချက်အရသိရပါတယ်။

“Rider ကြေးကိုပြောင်းလဲသတ်မှတ်မယ်ဆိုရင် rider တွေကိုအရင်ဆုံးအကြောင်းကြားရမယ်ဆိုတာကိုစာချုပ်မှာပါပေမယ့်တစ်ခါမှကြိုတင်အကြောင်းကြားခြင်းမျိုးမရှိပါဘူး စာချုပ်ဆိုတာကလဲ 2008 ဖွဲ့စည်းပုံနဲ့မည်သို့မျှမကွာပါဘူး သူတို့ဘက်ကိုဘဲအပိုင်ရေးထားတာပါ Foodpanda ရုံးကအရင်ကအခုလိုမျိုးမဟုတ်ပါဘူး door to door မှရောက်လာတဲ့လူတစ်ချို့နဲ့ အာဏာသိမ်းထားသောယခုကာလမှအခုလိုတွေဖြစ်နေတာပါ”လို့ ရန်ကုန်ကRiderသမားတဦးကဆက်ပြောပါတယ်။


Food panda မှ Riderသမားတဦးလျှင်တနေ့ကို ၃၀၀ ကနေ ၄၀၀ကျပ်ကြားဖြတ်တောက်ခံနေရပြီးသတ်မှတ်ဇုန်တခုလျင် Rider သမား ၄၀၀ လောက်ရှိနေတဲ့အတွက် အော်ဒါရဖို့ကြပ်ကြပ်တည်းတည်းလုပ်ကိုင်နေရတယ်လို့လည်းသိရပါတယ်။
” အခုလိုကုန်စျေးနှုန်းတွေတက် အဆင်မပြေအလုပ်ကိုင်ရှားပါးနေချိန်မှာ အခုလိုလုပ်နေတာတွေဟာလူမဆန်သလိုပါဘဲ ကျွန်တော်တို့အခုလုပ်ကိုင်နေတဲ့ account တွေကလဲ ရုံးကို ၈၅၀၀၀ သွင်းထားပြီး လုပ်ကိုင်ရတာပါ ရုံးဘက်မှအကောင့်များပိတ်ချလိုက်ပါက ကျွန်တော်တို့ပေးထားတဲ့ ၈၅၀၀၀ကလဲပြန်မရတော့ပါဘူး လူဟောင်းတွေမှယခုလိုကိစ္စများကိုရုံးကိုပြောရင် orderမချပေးတာမျိုးအကောင့်ပိတ်ပစ်တာမျိုးတွေလုပ်ပါတယ် ” လို့ အလုပ်သမားတဦးကထပ်ပြောပါတယ်။

လက်ရှိမှာကုမ္ပဏီဖက်က rider လူဟောင်း တွေကို အော်ဒါတွေ ပြည့်ဝစွာမချပေးနိုင်ဘဲ rider အသစ်တွေခေါ်ယူနေတာမျိုးလုပ်နေပြီးတော့ လူသစ်ကြေး၈၅၀၀၀ ရရှိရေးသာလုပ်ဆောင်နေတဲ့အတွက် Riderသမားတဦးမှာတနေ့လျင်အော်ဒါ ၆ ကြောင်းလောက်သာပို့ဆောင်နေရတယ်လို့သိရပါတယ်။
အခုလိုRiderကြေးတွေအဆမတန်ဖြတ်တောက်နေတဲ့အပေါ်Riderတွေက မကျေနပ်တဲ့အတွက် Riderတွေအတွက်ထားပေးထားတဲ့ App ကို Log out လုပ်ပြီးအလုပ်မဆင်းပဲ ရုံးချုပ်မှာသွားရောက်ညှိနှိုင်းဖို့ပြင်ဆင်နေကြပေမယ့်ရုံးဖက်ကတော့အခုအထိဖြေရှင်းချက်မပေးသေးဘူးလို့သိရပါတယ်။
ယမန်နေ့ကလဲမန္တလေးကFood Panda Rider တွေဟာလဲအခုလိုRiderကြေးအဆမတန်ဖြတ်တောက်ခံရတဲ့အတွက်အော်ဒါမပို့ဆောင်တော့ပဲသပိတ်မှောက်နေကြပါတယ်။


ဒီကိစ္စအပေါ် ကုမ္ပဏီဘက်က ညှိနှိုင်းပေးပါ့မယ်၊ အဆင်ပြေအောင်လုပ်ပေးပါ့မယ် စတဲ့စကားတစ်ခွန်းမှထွက်မလာဘဲ rider အသစ်တွေထပ်ခေါ်ချလိုက်တာကတော့ မြန်မာအလုပ်သမားတွေအပေါ် တစ်စက်ကလေးမှ ဂရုစိုက်စရာမလိုဘူး၊ ငတ်ရင်ဒီကောင်တွေလာလုပ်မှာပဲဆိုတဲ့ အချိုးမျိုးချိုးလိုက်တာပါပဲ။


Food Pand အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်ဝန်းကျင်လောက်ကမှမြန်မာပြည်ကိုရောက်ရှိလာတဲ့ဂျာမဏီအခြေစိုက်အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတခုဖြစ်ပြီးအာဏာသိမ်းစစ်တပ်ရဲ့စစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့စားသောက်ကုန်လုပ်ငန်းများနဲ့လဲချိတ်ဆက်ဆောင်ရွက်မှု့တွေရှိနေပါတယ်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply