တနိုင်ငံလုံးနီးပါးစစ်ဘေးရှောင်နေရစဉ် “ထူး” အုပ်စုမှ သင်္ကြန်ပွဲကြီးကျယ်စွာကျင်းပရန် စီစဉ်နေ

Local News

တနိုင်ငံလုံးနီးပါးစစ်ဘေးရှောင်နေရစဉ် “ထူး” အုပ်စုမှ သင်္ကြန်ပွဲကြီးကျယ်စွာကျင်းပရန် စီစဉ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနိုင်ငံလုံးနီးပါးစစ်ဘေးရှောင်နေရစဉ် “ထူး” အုပ်စုမှ သင်္ကြန်ပွဲကြီးကျယ်စွာကျင်းပရန် စီစဉ်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

”ထူး”အပန်းဖြေစခန်း နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အစီအစဉ်

ဧပြီလ ၁၁ ရက် မှစတင်ကျင်းပမည် ဖြစ်ပြီး ဧပြီလ ၁၂ ရက်၊ ၁၃ ရက် (အကြိုနေ့)၊ ၁၄ ရက် (အကျနေ့)၊ ၁၅ ရက် (အကြတ်နေ့)၊ ၁၆ ရက် (အတတ်နေ့)၊ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) ထိဖြစ်သည်။ နေ့စဉ် မဟာသင်္ကြန်ပွဲကျင်းပချိန် – နံနက် (၈း၀၀)နာရီမှ ည (ရး၀၀)နာရီအထိ ဖြစ်ကြောင်းသိရသည်။

ပါဝင်မည့် အနုပညာရှင်များမှာ ထူးအယ်လင်း၊ သာဒီးလူ၊ ဝန မိုးမိုး၊ ဝီလျှံ၊ D ဖြိုး၊ ဆိုတေး၊ ဂျင်းနီ
အစ္စဏီ၊ နေလင်းကျော်၊ ညလင်းထယ်၊ စစ်သူ၊မိုးထက်ပိုင်၊ သားဖြိုးလင်း၊ Chocolate၊ Snow၊ Su၊ ပိုးပိုး၊ Dancer & DJ တို့ဖြစ်သည်။

နိုင်ငံကျော်အဆိုတော်များ၏ တေးသံဖျော်ဖြေမှုနှင့်အတူ ပျော်ရွှင်စွာ ကခုန်ပျော်မြူးရေကစားရင်း နှစ်သစ်ကူးမဟာသြင်္ကန်ကို ‘ထူး’အပန်းဖြေစခန်းဝန်းအတွင်း လုံခြုံစိတ်ချစွာ ဆင်နွှဲနိုင်ပါပြီ!

ဝင်ကြေး (၁)ဦးလျှင် – ၇၀၀၀/- ကျပ်တိတိ (၅.၄.၂၀၂၂ ရက်နေ့မှစတင်၍ လက်မှတ်များကို အပန်းဖြေစခန်း၌ စတင်ရောင်းချပေးသွားပါမည်။ နံနက် ၉း၀၀ နာရီမှ ည ၈း၀၀ နာရီအတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။ ပွဲတော်ရက်များတွင်လည်း ဝယ်ယူနိုင်ပါသည်။) လူဦးရေ အကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုပါမည်။

တည်နေရာ – ရမည်းသင်းမြို့၊ ကျီးနီကန်ဘောင်အနောက်ဘက်၊ ‘ထူး’အပန်းဖြေစခန်း (သီလဝ ၂ ရပ်ကွက်၊ မဉ္ဇူလမ်းအတိုင်းသာ ဝင်ခွင့်ပြုပါမည်။) စုံစမ်းရန် – ၀၉၉၇၇၄၅၄၆၆၆၊ ၀၉၉၇၇၄၅၄၇၇၇၊ ၀၉၉၇၇၄၅၄၈၈၈ ဟုလည်း Htoo Resort ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

ရေးသားသူ – Htoo Resort Page

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။