အရက်သောက်တာ များပြီးရှောသွားတဲ့ နေပြည်တော်က ရဲတစ်ဦး

Local News

အရက်သောက်တာ များပြီးရှောသွားတဲ့ နေပြည်တော်က ရဲတစ်ဦး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရက်သောက်တာ များပြီးရှောသွားတဲ့ နေပြည်တော်က ရဲတစ်ဦး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲရွာအခြေပြု ရေနံမြေလုံခြုံရေးရဲတပ်ရင်းအတွင်းနေထိုင်တဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ကသေဆုံးခဲ့တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။


သေဆုံးသွားသူဟာ ရဲတပ်ကြပ် ဇင်ကိုဝင်း အသက် ၂၈ နှစ် ဖြစ်ပြီး အရက်သောက်အလွန်အကျွံသောက်သုံးတာကြောင့် သေဆုံးသွားတာလို့သိရပါတယ်။
” သူက အရင်ထဲကအရက်တအားသောက်တာ။ လူ ကငယ်ငယ်လေးရှိသေးတယ်။ အရက်ကို နေ့ရောညရောချတာ။ ကြာတော့ဘယ်ခံနိုင်လဲ သေတာဘဲ” လို့ နေ ပြည်တော်ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။


သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ရုပ်အလောင်းကို ဧပြီ ၁၅ ရက်နေ့က ပုဗ္ဗသီရိကွေးကြီးသုသာန်မှာ သဂြိုလ် လိုက်တယ်လို့ နေပြည်တော်ရဲတွေဆီကသိရပါတယ် ။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။