အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မိုးကြိုးပစ်ခံလိုက်ရသော ကျိုက်ထီးရိုးစေတီ

Local News

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မိုးကြိုးပစ်ခံလိုက်ရသော ကျိုက်ထီးရိုးစေတီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မိုးကြိုးပစ်ခံလိုက်ရသော ကျိုက်ထီးရိုးစေတီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုး ​စေတီတော် မိုးကြိုး စက်ကွင်း ထိမှန်ခဲ့။

မွန်ပြည်နယ်ကျိုက်ထိုမြို့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မှာ ဒီနေ့မေလ(၁၆) ရက်နေ့ မနက်(၂)နာရီကျော်က မိုးကြီးပြီး မိုးကြိုးစက်ကွင်းထိမှန်ခဲ့တယ်လို့ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုးကြိုးစက်ကွင်းထိမှန်ခဲ့တာကြောင့် စေတီတော်ရဲ့ ကျောက်လုံးတော်ကြီးမှာ အစင်းကြောင်းရာ အနည်းငယ်ပေါ်ခဲ့သလို တချို့နေရာမှာ သရိုးဖက်ကွာကျမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စေတီတော်အနေနဲ့ ကြီးကြီးမားမားထိခိုက်မှု မရှိခဲ့သလို အနည်းငယ်ပျက်ဆီးခဲ့တဲ့ နေရာတွေ ကိုလည်း ရာသီဥတုကောင်းမွန်ရင်ပြန်လည်ပြုပြင်သွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စေတီတော်မှာ ဘာမှ လုံးဝ အထိအခိုက် မရှိ၊ ကျောက်လုံးတော်မှာ တပေါင်း လပြည့်နေ့က ရွှေသင်္ကန်း ကပ်ထားတဲ့ ဟာလေးကို မိုးကြိုးစက်ကွင်းရဲ့ တုန်ခါမှုကြောင့် ကပ်ထားတဲ့ ရွှေသရိုးဖတ်လေးတွေ ကွာတာ ဖြစ်ပါတယ်၊ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါ၊ အခုကျွန်တော်တို့ ဂေါပကအဖွဲ့ရော သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေရော အကုန်လုံး စုံညီကြည့်ရှုပြီးတော့ ဩဝါဒ ဆရာတော်များကို လျောက်ပြီးတော့ ကျွန်တော်တို့ ရာသီဥတု လင်းတဲ့ အချိန်လေးမှာ ပြန်လုပ်မှာပါ၊ ပွင့်လင်းရာသီမှ လုပ်မှာ မဟုတ်ပါ”လို့ ကျိုက်ထီးရိုး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုး စေတီတော်မှာ အခုလို မိုးကြိုး စက်ကွင်း ထိမှန်တဲ့ ဖြစ်စဉ်မျိုး လွန်ခဲ့တဲ့ (၃)နှစ်ခန့်ကလည်း ဖြစ်ပေါ်ခဲ့ဖူးပြီး ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တောင်ပေါ်နေသူ တစ်ဦးက ပြောပါတယ်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ (၂၀၁၉)လောက် မေလ (၁၅)ရက်နေ့ကလည်း ဒီလိုမျိုး စေတီတော်ကို မိုးကြိုး စက်ကွင်း ထိခဲ့ဖူးတယ်ဗျ၊ အဲ့ဒီတုန်းကတော့ ကျောက်လုံးတော်ကြီးမှာ ရွှေတွေကွာတာ ရှိတယ်၊ နောက်ပြီး စေတီတော်မှာ တပ်ထားတဲ့ CCTVတွေကို ထိန်းချုပ်တဲ့ ပုံးတွေလည်း လောင်ကျွမ်းခဲ့တာ ရှိတယ်ဗျ” လို့ ဆိုပါတယ်။

မိုးတွင်းကာလ ဆိုရင် မိုးအဆက်မပြတ် ရွာသွန်း တက်သလို မြူတွေစိုင်းနေပြီး ရာသီဥတု ဆိုးရွား တာကြောင့် မိုးကြိုး မကြာခဏ ပစ်ခတ်တာတွေ တောင်တက် မော်တော်ယာဉ် တမ်းမှောက်တာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုး စေတီတော်ကို မိုးကြိုး စက်ကွင်း ပစ်ခတ်မှု အလားတူ ဖြစ်စဉ်မျိုး (၂၀၁၅)ခုနှစ် ဇွန်လကလည်း ဖြစ်ခဲ့ဖူးပြီး ရွှေပိဿာချိန် (၇)ပိဿာကျော် ကွာကျခဲ့ ဖူးတယ်လို့ ကျိုက်ထီးရိုး စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကို မိုးကြိုးပစ်ခံရတာ ဒီတစ်ကြိမ်နဲ့ဆိုရင်သုံးကြိမ်အထိရှိ နေပြီဖြစ် တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်၊ ဓာတ်ပုံ – CJ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။