မြင်းခြံ၊ ကွေ့ကြီးကျေးရွာတွင် PDF များဝင်လာသည်ကို စစ်တပ်စစ်ကြောင်း လာသည်ဟု ထင်၍ ပြေးကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး မုန့်ဟင်းခါးဖြစ်

Local News

မြင်းခြံ၊ ကွေ့ကြီးကျေးရွာတွင် PDF များဝင်လာသည်ကို စစ်တပ်စစ်ကြောင်း လာသည်ဟု ထင်၍ ပြေးကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး မုန့်ဟင်းခါးဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြင်းခြံ၊ ကွေ့ကြီးကျေးရွာတွင် PDF များဝင်လာသည်ကို စစ်တပ်စစ်ကြောင်း လာသည်ဟု ထင်၍ ပြေးကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး မုန့်ဟင်းခါးဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွေ့ကြီးကျေးရွာတွင် ယူနီဖောင်းဝတ် PDF များကို စစ်တပ် စစ် ကြောင်း လာသည်ဟု ထင်၍ ခယကြိုဆိုသော ပျူစောထီး ၆ ဦး ပစ်ခတ်ခံရပြီး thay ဆုံး သွား ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီတွင် မြောင်တော်လှန်ရေးတပ်MRA ရဲဘော်များက ယူနီဖောင်း ဝတ်စုံဖြင့် ကွေ့ကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အုန်းမြင့်ကို တိုက်ခိုက်ရန် သွားရောက်ချိန် ကွေ့ကြီးရွာ အဝင်၌ ကင်းပုန်းဝပ်နေသော ပျူစောထီးများက ရဲဘော်များကို သေနတ်ဖြင့် စတင် ပစ်ခတ်ခဲ့ကြောင်း၊ MRA ရဲဘော်များက ပြန်လည် ပစ်ခတ်ခဲ့ပြီး ရဲဘော်များ ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ ကြရာ နယ်မြေခံ တပ်ဖွဲ့ဖြစ်သော နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ မှ ပူပေါင်း ပါဝင်အားဖြည့်ခဲ့ကြောင်း သိရှိရသည်။

ထိုအချိန်တွင် MRA ရဲဘော်များက “မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ” ဟု ကြိမ်း ဝါးရာ ထိုစကားသံကို ကြားသည့် ပျူစောထီးခေါင်းဆောင်များက ယူနီဖောင်းဝတ်ဆင်ထားသော PDF များကို စစ်ကောင်စီတပ်ဟု ယူဆပြီး “ဗိုလ်ကြီးတို့မှန်း မသိလို့ပါ သည်းခံပေးပါ… ခွင့်လွှတ် ပေးပါ…” တောင်း ပန်ကြကြောင်း သိရှိရသည်။

MRA ရဲဘော်များက ” ငါးရွာအုပ်ကြီး အောင်ကျော်ဆန်း ထွက်ခဲ့စမ်း” ဟု အော်ခေါ်ရာ ပျူစောထီး ခေါင်းဆောင် အုန်းမြင့် ၊ လက်ထောက် အောင်လွင် နှင့်အတူ နောက်လိုက် ပျူစောထီး ၃ ဦးက လက် အုပ် ချီကာ ‌ထွက်လာကြောင်း၊ ယင်းနောက် “အောင်ကျော်ဆန်းက ဗိုလ်ကြီးတို့ခုနက ပစ်လိုက် တဲ့ ကျည်ထိပြီး မထနိုင်တော့ပါဘူး… ကျတော်တို့ ကင်းစောင့်နေကြတာပါဗျ.. တောင်းပန်ပါတယ် ဗိုလ် ကြီး…ခွင့်လွှတ်ပေးပါ… ဗိုလ်ကြီးတို့မှန်း မသိလို့ စတင် ပစ် မိတာပါ ” ဟု ဒူးထောက်ကာ တောင်းပန် ကြောင်း သိရှိရသည်။

ပျူစောထီးများ အလစ်အငိုက်အချိန်တွင် MRA ရဲဘော်များက တရစပ် ပစ်ခတ်ရာ ထိုပျူစောထီးများ thay ဆုံးကြောင်း ၊ ထို့နောက် ပျူစောထီးများ ထပ်မံရောက်ရှိလာသောကြောင့် လက်ပစ် ဗုံး တစ်လုံး ပစ်သွင်းလိုက်နိုင်သောကြောင့် အကူ ရောက်ရှိလာသော ပျူများ ထွက် ပြေးသွားကြကြောင်း၊ MRA ရဲဘော် များကလည်း နောက်မှ လိုက်လံပစ်ခဲ့ပြီး တိုက်ပွဲ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင် အုန်းမြင့်၊ ပျူစောထီးလက်ထောက် အောင်လွင် ၊ စစ်ကောင်စီခန့် ကျေးရွာ ငါးရွာ ဥက္ကဌ အောင်ကျော်ဆန်းအပါအဝင် ပျူစောထီး ၆ ဦး thay ကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

နောက်ဆက်တွဲ သိရှိရသော သတင်းများအရ ပျူစောထီး အလောင်းများကို ဆုံရွာ စစ်ကောင်စီခန့် ဥက္ကဋ္ဌ ဖိုးကျော် နှင့် စစ်တပ်က မြင်းခြံသို့ သယ်ယူသွားပြီး သဂြိုဟ်ခဲ့ကြောင်း၊ ကွေ့ကြီးရွာရှိ ပျူစော ထီး မိသားစုများမှာ ရပ်ခြားဒေသသို့ ပြောင်းရွှေ့ ထွက်ခွာသွားကြကြောင်း၊ တိုက်ပွဲ အတွင်းတွင် ထွက် ပြေး သွားသော ပျူများမှာ ကွေ့ကြီးရွာ သို့ ရောက်မလာတော့ကြောင်း MRA က ထုတ်ပြန် ထားသည်။

ရေးသားသူ – ခေတ်သစ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။