မြင်းခြံ၊ ပျားကျေးရွာမှ ကလေး ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ပစ်thet၊ ရွာထဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၃ ဦး ကျည်ထိမှန်ထား

Local News

မြင်းခြံ၊ ပျားကျေးရွာမှ ကလေး ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ပစ်thet၊ ရွာထဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၃ ဦး ကျည်ထိမှန်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြင်းခြံ၊ ပျားကျေးရွာမှ ကလေး ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ပစ်thet၊ ရွာထဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၃ ဦး ကျည်ထိမှန်ထား
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉

မန္တးလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာမှ ကလေးငယ် ၄ ဦး၏ ဖခင် ကိုဇော်မျိုးနိုင်ကို စစ်တပ်က ယနေ့ ပစ်thet လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ် ပျားကျေးရွာရှိ လူနေအိမ်များကို မီးရှို့ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ပြည်သူ ၅၀၀၀ ကျော် တို့သည် တောတောင်များအတွင်း ညတွင်းချင်း ရှောင်တိမ်း‌ ရကြောင်း၊ မပြေးနိုင်သော ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၉ ရက်နေ့ န့နက် ၆ နာရီ ၃၀ မိနစ်အချိန် အသက် ၃၃ နှစ်အရွယ် ကိုဇော်မျိုးနိုင်သည် ၎င်းရှောင်တိမ်းနေရာမှ ကျေးရွာအတွင်း နေအိမ်သို့ ပြည်လည် ဝင်ရောက်လာပြီး နွားများကို အစာကျွေးရန်နှင့် ပစ္စည်းအချို့ကို တင်ဆောင်ပြီး နွားလှည်းဖြင့် စစ်ဘေးရှောင်နေရာသို့ ပြန်လည် ထွက်ခွာစဉ် စစ်တပ်က ပစ်ခတ်thet ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာက အပြန် ရွှေသိမ်တော် ဘုရားအရောက်မှာ စစ်တပ်က ပစ်ခတ်လို့ ကိုဇော်မျိုးနိုင်ရဲ့ ခါးမှ ဆီးခုံကို ကျည်ဖောက်ထွက်သွားပြီး နေရာမှာ ပွဲချင်းပြီး thay ဆုံးပါတယ်။ ပွဲချင်းပြီး thay ဆုံးသွားပါသည်။ ကိုဇော်မျိုးနိုင်ရဲ့ ရုပ်အလောင်းကို ဘုန်းကြီးတွေ ဘာတွေ ပင့်ပြီး သရဏဂုံ မတင်ရဲပဲ ဖြစ်သလို မြေမြုပ်လိုက်ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကိုဇော်မျိုးနိုင်သည် တောင်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အမွှာပူး (၂)ကြိမ် မွေးဖွားထားသော ကလေး ၄ ဦး ၏ ဖခင်ဖြစ်သည်။


အကြမ်းဖက်စစ်တပ်က ပျားကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ပြီး ရွာကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မိန်းကလေးငယ် ၃ ဦးမှာလည်း စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ဒဏ်ရာရရှိထားကြောင်း၊ ယခုအချိန်အထိ စစ်တပ်က ကျေးရွာအတွင်းသို့ ရွာသူ၊ ရွာသားများ ဝင်ရောက်ခွင့်မပြုဘဲ တွေ့သမျှလူ အားလုံးကို လိုက်လံပစ်ခတ်နေကြောင်း သိရှိရသည်။

 

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။