မြန်မာ့အရေးအာဆီယံကြေညာချက် စစ်ကောင်စီ ကန့်ကွက်

Local News

မြန်မာ့အရေးအာဆီယံကြေညာချက် စစ်ကောင်စီ ကန့်ကွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့အရေးအာဆီယံကြေညာချက် စစ်ကောင်စီ ကန့်ကွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မြန်မာကိုတန်းတူရည်တူမဆက်ဆံတဲ့အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခြင်းမရှိ လို့ဆို
မြန်မာ့အရေး အာဆီယံကြေညာချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပြီး မြန်မာကိုတန်းတူရည်တူမဆက်ဆံတဲ့အာဆီယံအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုကိုယ်စားလှယ်လည်းတက်ရောက်ခြင်းမပြုခဲ့ဘူးလို့ နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ထုတ်ပြန်လာပါတယ်။

Myanmar’s Foreign Minister U Wunna Maung Lwin.

ဘုံသဘောထားငါးရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်တွေရဲ့ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ ဖြစ်စဉ်အမှန်တရားနဲ့ ကင်းကွာနေတာ၊ ဒီငါးရပ်အပေါ် မြန်မာနိုင်ငံက ကြိုးစားအားထုတ်ဆောင်ရွက်ပေးခဲ့တာတွေကို အပြုသဘောဆောင် ဖော်ပြမှုမရှိတာ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာနဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံနဲ့ ဆွေးနွေး သဘောတူညီခဲ့တာဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့ ဆောင်ရွက်ခဲ့တာမဟုတ်လို့ မြန်မာနိုင်ငံက လက်မခံဘဲ​ပြတ်သားစွာပယ်ချတာလို့ ဆိုပါတယ်။
ဘုံသဘောထားငါးရပ် တိုးတက်မှုမရှိဘူးဆိုတာကိုအကြောင်းပြပြီးအာဆီယံမှာ မြန်မာပါဝင်မှုကို ကန့်သတ်ပိတ်ပင်ဖို့ ကြိုးစားတာက မြန်မာအစိုးရရဲ့ဒီမိုကရေစီပြန်လည်ဖော်ဆောင်နေမှုကိုအဟန့်အတားဖြစ်စေမယ်လို့လည်း ဆိုပါတယ်။
အာဆီယံကတော့မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ မြန်မာ့အရေး အချက် ၁၀ ချက်ကို ထပ်ပေါင်းပြီး စုစုပေါင်း အချက် ၁၅ ချက်ထပ်တိုးထုတ်ပြန်လာခဲ့သလို မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ဆက်ပြီး ကိုင်စွဲထားမှာ ဖြစ်ပေမဲ့ အကောင်အထည်ဖော်မယ့် အချိန်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

From L-R: Philippines’ President Ferdinand Marcos Jr, Singapore’s Prime Minister Lee Hsien Loong, Thailand’s Prime Minister Prayut Chan-o-cha, Vietnams Prime Minister Pham Minh Chinh, Cambodia’s Prime Minister Hun Sen, Indonesias President Joko Widodo, Sultan of Brunei Hassanal Bolkiah, Laos’ Prime Minister Phankham Viphavanh and Malaysia’s lower house speaker Azhar Azizan Harun wave on stage during the opening ceremony of the 40th and 41st Association of Southeast Asian Nations (ASEAN) Summits in Phnom Pen

ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုဟာ တိုးတက်မှု မရှိသလောက် ဖြစ်နေတာကြောင့် ခိုင်မာ၊ လက်တွေ့ကျ၊ တိုင်းတာနိုင်တဲ့ ရလဒ်တွေကို အချိန် သတ်သတ်မှတ်မှတ်နဲ့ လုပ်ဆောင်နိုင်မယ့် အစီအစဥ်လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ ရာထူးအဆင့်ဆင့် အစည်းအဝေးတွေမှာ မြန်မာဘက်က ကိုယ်စားပြုသူတွေ တက်ရောက်မယ့်အရေးနဲ့ ပတ်သက်ပြီးလည်း အခြေအနေတွေက အင်မတန်လိုအပ်လာရင် ပြန်သုံးသပ်မယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်ကောင်စီကတော့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးပါဝင်ဆွေးနွေးညှိနှိုင်းပြီး တူညီဆန္ဒနဲ့ဆုံးဖြတ်တဲ့မူတွေကိုသာ လက်ခံမှာဖြစ်ပြီး ကာယကံရှင်နိုင်ငံမပါတဲ့ ဆုံးဖြတ်ချက်တွေကိုပယ်ချမယ်လို့လည်း ဆိုထားပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။