Capricorn တွေရဲ့အကြောင်း

Astrology

Capricorn တွေရဲ့အကြောင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Capricorn တွေရဲ့အကြောင်း ဆိုတဲ့ ရာသီခွင်အကြောင်းလေးပဲ ဖြစ်ပါတယ်။

Capricorn (Dec 22 – Jan19)
Element – Earth
Zodiac Symbol – Mountain Goat
Spiritual Animal – Horse / Goose
Birth Stone – Garnet

Personality
Capricorn တွေက အလွန်လက်တွေ့ကြတဲ့လူမျိုးတွေဖြစ်ပြီး သူများပြောရုံနဲ့မယုံတတ်ကြပဲ ကိုယ်တိုင်တွေးခေါ်ဆင်ခြင်ပြီးမှ ယုံတတ်ကြပါတယ် ။ Mountain Goat တွေကိုယ်စားပြုတာခံရတဲ့အတိုင်း Capricorn တွေက ဟိုးအောက်ခြေကနေ ထိပ်ဆုံးရောက်တဲ့အထိ တက်လှမ်းနိုင်စွမ်းရှိတဲ့သူပါ ။ Capricorn တွေကသူတို့တကယ်စိတ်ဝင်စားတဲ့အရာတွေမှာ ဘယ်လောက်ပဲခက်ခဲခက်ခဲ အောင်မြင်တဲ့အထိ ကြိုးစားတတ်ကြပါတယ် ။ ရည်မှန်းချက်ကြီးပြီး ကိုယ်တာဝန်ယူထားတဲ့အလုပ်တွေမှာ တိတိကျကျလုပ်ကိုင်တတ်ကြသလို အလုပ်လုပ်တဲ့နေရာမှာ ငွေကြေးထက် စေတနာထားပြီးလုပ်ပေးတတ်ကြသူတွေပါ ။ ဘဝနဲ့ပတ်သက်ရင် အတွေးအခေါ်ရင့်ကျက်ပြီး စိတ်ဓာတ်သန်မာတဲ့လူတွေဖြစ်သလို လောကဓံကိုအခံရဆုံးဟာလည်း သူတို့ပဲဖြစ်ကြပါတယ် ။ ကံ၊ကံ၏အကျိုးကိုယုံကြည်ကြပြီး ဘာသာရေးကိုင်းရှိုင်းကြတဲ့လူမျိုးတွေပါ ။ ပစ္စည်းကောင်းများကို ကြိုက်နှစ်သက်လေ့ရှိပြီး စည်းကမ်းလည်းအလွန်ရှိကြပါတယ် ။

မကောင်းတဲ့အချက်
Capricorn တွေကအစွဲအလမ်းကြီးပြီးခေါင်းမာတတ်တဲ့ Earth SIgn များပီပီ အပြောင်းအလဲကိုသိပ်ကြိုက်ကြတဲ့သူတွေမဟုတ်ပါဘူး ။ တကယ်လည်း အသိပညာကြွယ်ဝကြသူတွေဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်အတော်ဆုံးလို့သတ်မှတ်ထားကြတဲ့အတွက်ကြောင့် တော်ရုံလူကို အထင်ကြီးလေ့မရှိကြပါဘူး ။ ဒါကြောင့်မို့လည်းသူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်ထက်အပြောများပြီး လေကျယ်တတ်တဲ့လူတွေကို မုန်းတီးလေ့ရှိပါတယ် ။
Capricorn တွေကသူတို့ကိုယ်တိုင်ကလွဲပြီး တခြားလူကိုသိပ်မယုံတတ်ကြပါဘူး ။
စိတ်ထားကောင်းပြီးသည်းခံတတ်ကြပေမယ့် တခါတလေမှာ အားမနာတမ်းဒဲ့တိုးပြောတတ်ကြလို့ ပတ်ဝန်းကျင်မှာ လူ့ဂွစာတွေအဖြစ် ထင်ခံရတတ်ပါတယ် ။

Ruling Planet
Roman Mythology အရ Father of Multiple Gods ဖြစ်တဲ့ Saturn ရဲ့အုပ်စိုးမှုကိုခံထားရပါတယ် ။ ဒါကြောင့်မို့ စိတ်ရှည်တယ် ၊ ရည်ရွယ်ချက်ကြီးတယ် ၊ Creativity ကောင်းတယ် ၊ စွန့်လွှတ်အနစ်နာခံတတ်ကြပါတယ် ။

ထူးခြားချက်
ဘယ်လောက်သေးငယ်တဲ့အလုပ်ပဲဖြစ်ပါစေ အကောင်းဆုံးနဲ့အဆိုးဆုံးအခြေအနေကိုကြိုတင်တွက်ချက်ပြီးမှ risk ယူတတ်ကြတဲ့အတွက်
မကောင်းတဲ့ရလာဒ်တွေက သူတို့ကိုသိပ် shock မဖြစ်စေပါဘူး ။ ဒါပေမယ့်သူတို့ safe အဖြစ်ဆုံးလို့တွက်ချက်ထားပြီးသားလမ်းကိုမလျှောက်ပဲ တခြားကိုရွေးချယ်ရတဲ့အခါမှာတော့ သူတို့စိတ်ကို တော်တော်ကသိကအောင့်ဖြစ်စေလေ့ရှိပါတယ် ။ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လာရင်တော့ နည်းနည်းမှအမှားမခံပဲ နာမည်ပျက်မရှိအောင် နေထိုင်တတ်ကြပါတယ် ။ Supernatural ဖြစ်ရပ်တွေနဲ့အမြဲတမ်းတွေ့ကြုံရလေ့ရှိပြီး Spirit တွေရဲ့အကူအညီတောင်းခြင်းကို ကြုံရတတ်ပါတယ် ။

အကျိုးပေးသောစီးပွားရေးလုပ်ငန်း
Capricorn တွေကအသည်းအမည်းငွေရှာတတ်ကြပြီး စုဆောင်းခြင်းတော့သိပ်မရှိတတ်ပါဘူး ။
တကယ်လို့ခြစ်ကုတ်ပြီးစုဆောင်းနေတယ်ဆိုရင်လည်း အဲ့တာ သူတို့လိုချင်တဲ့စျေးကြီးတဲ့အရာတစ်ခုခုကို ဝယ်ဖို့ပဲဖြစ်ပါတယ် ။ စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းကပိုအကျိုးပေးတတ်ပါတယ် ။ ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း ၊ ရှေးဟောင်းပစ္စည်းလုပ်ငန်း ၊ Creativity နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ အကျိုးပေးလေ့ရှိပါတယ် ။ ဒါပေမယ့် စပ်တူလုပ်ရတဲ့လုပ်ငန်းတွေမှာတော့ ထင်သလောက်အကျိုးပေးလေ့မရှိကြပါဘူး ။

အချစ်ရေး
အလွန် Safe ဖြစ်တဲ့ Sign တစ်ခုဖြစ်တာနဲ့အညီ သူတို့ချစ်တဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်သူအတွက် အကောင်းဆုံးဖြစ်မယ့်လမ်းတစ်ခုကို ညွှန်ပြပေးလေ့ရှိပါတယ် ။ Capricorn တွေဟာ အစွဲအလမ်းကြီးတတ်ကြတဲ့အတွက် အချစ်ကြီးသလိုအမျက်လည်းကြီးတတ်ပါတယ် ။
ဒါ့အပြင် ချစ်သူအပေါ်လည်းအလွန်သဝန်တိုလေ့ရှိသူတွေပါ ။ Capricorn တွေဟာ အချစ်ရေးနဲ့ပတ်သက်လာရင် နှလုံးသားထက်ဦးနှောက်ကိုပိုပြီးဦးစားပေးလေ့ရှိပါတယ် ။
ဦးနှောက်ကိုဦးစားပေးတယ်ဆိုတာကလည်း Investment ကြီးမလုပ်ခင်ကြိုတင်တွက်ချက်သလိုမျိုး လူတစ်ယောက်ကိုလုံးဝမချစ်လိုက်ခင်မှာ ဒီလူရဲ့ကောင်းခြင်း၊ဆိုးခြင်းတွေကို လက်ခံနိုင်ရဲ့လား စဥ်းစားကြတာမျိုးပါ ။ ဒါကြောင့်မို့လည်း ချစ်မယ်လို့ဆုံးဖြတ်ပြီးတဲ့အခါ နက်နက်ရှိုင်းရှိုင်းချစ်ပေးတတ်ကြပြီး Daddy Sign ပီပီ မကောင်းတဲ့အချက်တွေကို သည်းခံပြီးကောင်းတဲ့ဖက်ရောက်အောင် ပြုပြင်ပေးတတ်ကြတာပါ ။ သူတို့ရွေးချယ်လိုက်တဲ့ချစ်သူအပေါ် အလွန်စိတ်ရှည်တတ်ကြပြီး အခါခါ နားလည်ခွင့်လွှတ်ပေးတတ်ကြပါတယ် ။ ဒါပေမယ့် သူတို့သည်းခံနိုင်တာထက်ကျော်သွားပြီဆိုရင်တော့ အဲ့ဒီလူအပေါ်ယုံကြည်ချက်မဲ့သွားကြပြီး ဘယ်လောက်ပဲတားတား ပြန်လှည့်မကြည့်ကြတော့ပါဘူး ။ သူတို့ဟာအပြင်ပန်းမှာသာ အေးစက်တယ်ထင်ရပေမယ့် ခံစားချက်ကိုအလွန်အရေးပေးတဲ့လူတွေပါ ။ လက်တုံ့မပြန်ကြပေမယ့် သူတို့ကိုနာကျင်အောင်လုပ်တဲ့လူတွေကို တော်ရုံနဲ့မမေ့သွားတတ်ပါဘူး ။

လွှမ်းမိုးသော တားရော့ကတ်အမြင်
Capricorn တွေဟာ Tarot သဘောတရားအရ Devil ကတ်ရဲ့လွှမ်းမိုးခြင်းကို ခံထားရပါတယ် ။ Devil ကတ်သဘောတရားအရ အတ္တကြီးခြင်း၊ ဒေါသကြီးခြင်း၊ တဏှာကြီးခြင်း၊ အစွဲအလမ်းကြီးခြင်းစတာတွေကို ဖော်ပြလေ့ရှိပါတယ် ။ အကောင်းဖက်ကကြည့်ရင်တော့ သစ္စာရှိတယ်၊ ရည်မှန်းချက်မြင့်မားကြသလို မဆုတ်မနစ်ကြိုးစားတတ်ကြပါတယ် ။ ကောင်းတဲ့အရာတွေကိုလည်း လက်မလွှတ်တတ်ကြသလို ကိုယ့်ကို Toxic ဖြစ်စေတဲ့အရာတွေကိုလည်း ဆုပ်ကိုင်ထားတတ်ကြတဲ့အတွက် အစွဲအလမ်းကြီးခြင်းကို ကောင်းစွာအသုံးချတတ်ဖို့လိုအပ်ပါတယ် ။
ဒါကတော့ Capricorn တွေရဲ့အကြောင်းပဲဖြစ်ပါတယ် ။

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။