အမေရိကန်ပါတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM-Plus စစ်ကောင်စီတက်ခွင့်မရ

Local News

အမေရိကန်ပါတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM-Plus စစ်ကောင်စီတက်ခွင့်မရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်ပါတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM-Plus စစ်ကောင်စီတက်ခွင့်မရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် အမေရိကန်၊ ဂျပန်၊ တရုတ်အပါအဝင် စုစုပေါင်းဆွေးနွေးဘက်နိုင်ငံ ၈ နိုင်ငံတို့နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးADMM-Plus ကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို တက်ခွင့်မပေးတာကို တွေ့ရပါတယ်။

ကမ္ဘောဒီးယား အခြေစိုက်သတင်းတွေရဲ့ဖော်ပြချက်အရ ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အရ ဒီအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုတော့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဇွန်လက ဖနွမ်းပင်တွင် ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင်တွေ့ရသော ဗိုလ်ချုပ်ကြီးမြထွန်းဦး

စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးတစ်ဦးကလည်း ကမ္ဘောဒီးယားဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားခဲ့မှုအပေါ် အတည်ပြုပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပိတ်ပင်ထားတာကလွဲရင် ကျန်တဲ့ ဝန်ကြီးအဆင့်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပြုထားတာပါ။

ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီးမှာ အာဆီယံရဲ့ တခြားအဆင့်အစည်းအဝေးတွေမှာပါ မြန်မာရဲ့ ကိုယ်စားပြုမှုကို ထပ်မံ သုံးသပ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာပဲ အခုလို ကာကွယ်ရေးဝန်ကြီး အဆင့်အစည်းအဝေး မှာ တက်ရောက်ခွင့်ပိတ်ပင်ခံရတာဖြစ်ပါတယ်။

နိုဝင်ဘာလဆန်းက လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တက်ရောက်ခွင့်ရခဲ့တုန်းကလည်း အဲဒီအပေါ် ဝေဖန်မှုအမြောက်အများရှိခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။