Nazar (Evil Eye)

Astrology

Nazar (Evil Eye)
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Nazar (Evil Eye) ဆိုတဲ့တားရော့ပညာဆွဲကြိုးလေးအကြောင်းပဲ ဖြစ်ပါတယ်။


Evil eye အကြောင်းကို တော်တော်များများ ရေးထားကြလို့ ဖတ်ဖူးလိမ့်မယ် ထင်ပါတယ်။
Evil eye ဆိုတာက လူတစ်ယောက်အောင်မြင်အဆင်ပြေပျော်ရွှင်နေတာကို တခြားလူတစ်ယောက် သို့မဟုတ် နတ်ဆိုးတစ်ကောင်က မနာလိုဝန်တို၊ အမြင်ကပ် မုန်းတီးစွာ ကြည့်တဲ့အကြည့် လို့ နားလည်အောင် လွယ်လွယ်ပြောပါရစေ။


“အဆင်ပြေလာရင် ငိုလိုက်ပါ ကိစ္စပေါင်းစုံ တံခါးခေါက် ထပ်ရောက်လာမယ်” ဆိုတဲ့ ကိုကျားရဲ့ သီချင်းစာသားလိုပဲ မိမိ အဆင်ပြေအောင်မြင်ပျော်ရွှင်နေပြီဆိုရင် ပတ်ဝန်းကျင်က မနာလိုမုန်းတီးစိတ်တွေ၊ပျက်စီးစေချင်တဲ့စိတ်တွေ ရှိတတ်ကြတာ မဆန်းဘူး။ နတ်တွေထဲမှာလဲ good and evil ရှိတာမို့ evil spirit တွေက ကိုယ့်ကို အဆင်ပြေနေတာ မမြင်ချင်ကြဘူးရယ်။ “ရယ်လွန်းရင် ငိုရတယ်” ဆိုတဲ့စကားကလဲ အဲဒီ Evil Eye ကြောင့် ဖြစ်တတ်တာရယ်ပါ။
အဲဒီမှာ ကိုယ့်ကို မနာလိုမကြည်ဖြူမုန်းတီးနေသူတွေရဲ့ စိတ်စွမ်းအင်က အရမ်းအားကောင်းလာတဲ့အခါ Negative Energy လှိုင်းတစ်ခုဖြစ်လာပြီး ကိုယ့်အပေါ်မှာ သက်ရောက်ခံရတတ်တယ်။
အဲဒီအခါ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ကြုံရတာ၊ ကျန်းမာရေးရုတ်တရက်ချူချာတာ၊ မတော်တဆမှုတွေ ဖြစ်တာ၊ စီးပွားပျက်တာ၊ ကံကြမ္မာတိုးတက်မှု ပိတ်ဆို့တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဝိဉာဉ် ကျိုးပဲ့ပျက်စီးတာအပြင် အဆိုးဆုံး အသက် အန္တရာယ်ပါ ထိခိုက်စေတတ်ပါသတဲ့။

Nazar (amulet) - Wikipedia

အဲလို အဖြစ်မျိုးတွေကို ရှောင်ရှားဖို့၊ ကိုယ့်ကို မထိခိုက်စေနိုင်ဖို့အတွက် ကာကွယ်တဲ့အနေနဲ့ Nazar(Evil Eye) Amulet ကို အဆောင်လက်ဖွဲ့အဖြစ် ဆောင်ထားရပါတယ်။ လွယ်လွယ်ပြောရရင် ကျည်ကာဝတ်သလိုပါပဲ။ Evil Eyeနဲ့အကြည့်ခံရတဲ့အခါ Negative energy တွေက ကိုယ့်ကို တိုက်ရိုက်မထိခိုက်တော့ပဲ Amulet (အဆောင်လက်ဖွဲ့)လေးက ကြားက ဝင်ခံပေးသွားရတာပါ။
အခုကတော့ ခေတ်စားနေပြီမို့ Nazar(Evil Eye)ကို လက်စွပ် လက်ကောက် ဆွဲကြိုး အပြင် ကားမှာချိတ်ဆွဲတာ အိမ်မှာ ချိတ်ဆွဲတာမျိုးတွေ မျိုးစုံလုပ်လာကြပါပြီ။လွယ်လွယ်ကူကူလဲ ဝယ်လို့ရနေပါပြီ။
ဒါပေမဲ့ တစ်ခုရှိတာက Nazar(Evil Eye) Amulet ကို ဆောင်ထား ဝတ်ထားတော့မယ်ဆိုရင် ကိုယ်တိုင် ဝယ်တာထက် တခြားသူက ချစ်ခြင်းမေတ္တာနဲ့ လက်ဆောင်ပေးရင် ပိုအစွမ်းထက်တယ်ဗျ။ မနာလိုဝန်တိုမုန်းတီးမှုတွေကို ချစ်ခြင်းမေတ္တာနဲ့ အနိုင်ယူတာမျိုးပေါ့နော်။ မီးကို ရေနဲ့ ငြှိမ်းရသလိုပါပဲ။

ရေးသားသူ – Gipsy Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။