သု၀ဏ္ဏ၊ ဗိုလ်ချုပ်ရွာမှ စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးလည်းဖြစ်၊ တော် လှန်ရေး ရဲဘော်များကို ဖမ်းဆီးthetဖြတ်ရာတွင် ဦးဆောင်သူ လည်း ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး thayဆုံး၊ မဆလခေတ် ဝန်ကြီး တိုက်စိုး၏ သမက်တော်စပ်

Local News

သု၀ဏ္ဏ၊ ဗိုလ်ချုပ်ရွာမှ စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးလည်းဖြစ်၊ တော် လှန်ရေး ရဲဘော်များကို ဖမ်းဆီးthetဖြတ်ရာတွင် ဦးဆောင်သူ လည်း ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး thayဆုံး၊ မဆလခေတ် ဝန်ကြီး တိုက်စိုး၏ သမက်တော်စပ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သု၀ဏ္ဏ၊ ဗိုလ်ချုပ်ရွာမှ စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးလည်းဖြစ်၊ တော် လှန်ရေး ရဲဘော်များကို ဖမ်းဆီးthetဖြတ်ရာတွင် ဦးဆောင်သူ လည်း ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး thayဆုံး မဆလခေတ် ဝန်ကြီး တိုက်စိုး၏ သမက်တော်စပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏတွင် စစ်ကောင်စီ၏ သတင်း စု ဆောင်း ရေး မှူးလည်းဖြစ်၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးthetဖြတ်ရာ တွင် ဦးဆောင်သူလည်းဖြစ်သူ အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို တော် လှန် ရေး မြို့ပြ ပျောက်ကျားတပ်ဖွဲ့တစ်ခုက ပစ်ခတ်သဖြင့် thayဆုံး သွား ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ၊ နံနက် ၈ နာရီအချိန် သင်္ဃန်းကျွန်းမြိုနယ်၊ သုဝဏ္ဏ၊ ၂၃ ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် ၄ ထောင့်ရှိ အငြိမ်း စား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်း၏ နေအိမ်ရှေ့တွင် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ် ၂ ချက်ထိမှန်၍ thayဆုံးသွားကြောင်း သိရှိရ သည်။

ဓာတ်ပုံ- စစ်မှုထမ်းဟောင်း အများစုနေထိုင်သည့် သင်္ဃန်းကျွန်း၊ သု၀ဏ္ဏ ၂၃ ရပ်ကွက်၊ ဗိုလ်ချုပ်ရွာ အတွင်းမှ လမ်းသွယ်တစ်ခု။

“သူက စစ်ကောင်စီရဲ့ သတင်းတပ်ဖွဲ့၊ သတင်းစုဆောင်းရေးမှူး လုပ်နေတာ။ တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီး thet ဖြတ်လုပ်ကြံခံရတဲ့နေရာမှာ သူ့စနက် တွေ အများကြီးပါတယ်။ သူ့ဘေးမှာလည်း လုံခြုံရေးအစောင့်တွေထားတယ်။ စစ်ကောင်စီက သူ့ကို ကားပေးထားတယ်။ အာဏာသိမ်းပြီးတဲ့အချိန်မှာ မင်းအောင်လှိုင်ရဲ့ နောက်မြီးဆွဲ လုပ်နေတာ။ ကျည် ၂ ချက်နဲ့ ကိစ္စတုံး သွား ပါတယ်” ဟု မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အငြိမ်းစား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆလ) ခေတ်ဝန်ကြီးဖြစ်ခဲ့သူ တိုက်စိုး​၏ သားမက်ဖြစ်ပြီး ယနေ့ ၎င်းနေထိုင် ရာ သုဝဏ္ဏ​ဗိုလ်ချုပ်ရွာတွင် ပစ်ခတ်ခံရပြီး thayဆုံးခြင်းဖြစ်သည်။
အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းသည် စစ်ကောင်စီထံမှ ကား အထောက် အပံ့ရယူထားပြီး အကြမ်းဖက်စစ်ကောင်စီအား အရေးကြီး သတင်းအချက် အလက် များ စုဆောင်းပေးသည့် Data Center ဖြစ်ကာ စစ်ကောင်စီ​၏ အချို့ သော ဝါဒဖြန့် Channel များအား စီမံခန့်ခွဲထိန်းချုပ် နေသူတစ်ဦး ဖြစ် ကြောင်း မြို့ပြတော်လှန်ရေးအဖွဲ့က ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။