ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ

Local News

ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်က နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဂွေးဂုံရွာကို ဝင်ရောက် စီး နင်း ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ သွား​ကြောင်း သိရသည်။


“ပေါက်မြို့နယ် ဂွေးဂုံရွာမှာ လည်း မီးရှို့ခံလိုက်ရပါတယ်။ ဂွေးဂုံရွာ မှာတော့ ခုလက်ရှိ မီးရှို့ဖျက် ဆီးခံ ရတာ နေအိမ် ၁၀၀ ကျော်လောက်ရှိတယ်။ စစ်တပ်က နိုဝင်ဘာ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ ၂ ရက် ဆက် တိုက်ကို မီးရှို့သွားတာ စစ်ခွေးစစ် ကြောင်းတွေ ရှိလို့ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ မီးမငြိမ်း နိုင်သေးလို့ ဆုံးရှုံးမှုများသွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။